အပိုင်း_295_ငါကလူကောင်းတစ်ယောက်မဟုတ်ဘူး
ထိုလူငယ်လေးတွေအတွက်ကတော့ နတ်ဘုရားစွမ်းရည်နယ်ပယ်ဖိအားက အတော်ပြင်းထန်နေခဲ့ပါပြီ။
လူငယ်တစ်ရာထဲမှာ ရှစ်ဆယ်လောက်က ရွှမ်းဝူနယ်ပယ်အဆင့်တစ်ပဲရှ်ိကြပါသေးတယ်။ကျန်တဲ့သူတွေကတော့ ရွှမ်းဝူနယ်ပယ်အဆင့်နှစ်မှာရှိကြပါတယ်။
သူတို့ရဲ့အသက်အရွယ်တွေနဲ့ ရွှမ်းဝူနယ်ပယ်ကိုရောက်နိုင်ကြတာကပဲ အထင်ကြီးစရာကောင်းနေခဲ့ပြီလေ။ရွှမ်းဝူနယ်ပယ် အဆင့်နှစ်ကို ရောက်နေသူတွေကတော့ ပိုပြီးထူးကဲပါတယ်...ဥပမာ ဝမ်ဟွိုင်းဆိုရင် ရွှမ်းဝူနယ်ပယ်အဆင့်နှစ်ကိုရောက်နေခဲ့ပါပြီ။
နန်းတော်အတွင်းမှာ လူအနည်းငယ်ပဲကျန်ပြီး အတော်များများက ဖိအားကိုခုခံဖို့ သိုင်းဝိညာဉ်တွေကိုထုတ်ဖော်ထားကြရပါတယ်။
သိုင်းဝိညာဉ်တွေကြောင့်လဲ သူတို့က ဖိအားကြီးအောက်မှာ ခေါင်းမော့လာနိုင်ခဲ့ကြပါပြီ။ဒါပေမယ့် ဒါက ရေရှည်အတွက်တော့ ဖြေရှင်းချက်တစ်ခုမဟုတ်ခဲ့ပါဘူး။
အချိန်ကြာလာတာနဲ့ အကူညီတောင်းခံသူတွေက ပိုများလာပါတယ်။ဒီအခါမှာတော့ တန်းဝေ ချက်ချင်း အခန်းထဲက ထုတ်ပေးလိုက်တယ်လေ။
မကြာခင်မှာပဲ ချူးယွန် နဲ့ အခြားလူငယ်ငါးယောက်ပဲ ကျန်ပါတော့တယ်။ထိုလူငါးယောက်ကလဲ အသန်မာဆုံးတွေထဲက အသန်မာဆုံးတွေပါ...
တန်းဝေရဲ့အကြည့်က ချူးယွန်အပေါ်မှာ ကျရောက်လာခဲ့ပြန်ပါပြီ။
ချူးယွန်ကတော့ နတ်ဘုရားစွမ်းရည်နယ်ပယ်ဖိအားက ဘာမှမဟုတ်သလို သူ့မျက်နှာက အနည်းငယ်ပျင်းရိနေဟန်ရပါတယ်။
သူမျက်နှာက နည်းနည်းလေးတောင် တင်းမာမှုမရှိပဲ သူ့အဝတ်စားတွေတောင် လှုပ်ရှားခြင်းမရှိပါဘူး။
သူ့ရဲ့နယ်ပယ်နဲ့ ဒါက အံ့အားသင့်ဖို့ကောင်းပါတယ်။
ကျန်လူခြောက်ဉီးအနက် လေးဉီးက ခန္ဓာကိုယ်သန့်စင်တဲ့သိုင်းပညာရှင်တွေပါ။
သူတို့ရဲ့ခန္ဓာကိုယ်က သာမန်လူထက် အများကြီး ပိုသန်မာပါတယ်။ သူတို့ရဲ့ဖောင်းကြွနေတဲ့ ကြွက်သားတစ်ခုစီက ပေါက်ကွဲနိုင်တဲ့စွမ်းအားတွေနဲ့ ပြည့်နှက်နေလို့ပါ။
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...