အပိုင်း_335_ဒီဓါးနဲ့မင်းရဲ့ထာဝရအသက်ကိုယူမယ်
လူရှမ်ချင်း မူလက ဆန့်ကျင်ပြောဆိုချင်ခဲ့ပါတယ်။ဒါပေမယ့် အချိန်မရခဲ့ပါဘူး... ရုတ်တရက်ရောက်လာတဲ့ သိုင်းပညာရှင်တွေက သူ့ကို မြေပေါ်ရိုက်ချလိုက်ကြတယ်လေ။
လူမိသားစုနဲ့ အခြားမိသားစုဝင်တွေလည်း ထိန်းချုပ်ခံလိုက်ကြရပါပြီ။
"လူတိုင်းပဲ မဆိုးရိမ်ကြပါနဲ့... ဆည်းဆာချိန်မြို့တော်မှာဖြစ်ပျက်သမျှကို အဆုံးသတ်တဲ့အထိ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမှာပါ"
တန်းဟွာအိုင်းရန် လက်နှစ်ဖက်နောက်ပစ်ပြီး တည်ကြည်စွာ ပြောလိုက်ပါတယ်။တန်းဟွာအိုင်းရန်ပြောတာကြားတော့မှ သိုင်းပညာရှင်တွေ စိတ်သက်သာရာ ရသွားခဲ့ကြပါပြီ။
နောက်ဆုံးမှာတော့ ဆည်းဆာချိန်မြို့တော်မှာ အထွပ်အထိပ်တာအိုသခင်များစွာ ရှိနေခဲ့ကြတယ်မဟုပ်လား... အခြား ဖြစ်လာနိုင်တဲ့ ဘယ်လိုအန္တရာယ်မျိုးကိုမှ ကြောက်နေစရာမလိုပါဘူး။
ကျုံးယွမ်ဟွာ၊ လူရှမ်ချင်းတို့ကို ထိန်းချုပ်ပြီးနောင် လူအားလုံးရဲ့အကြည့်က တိုက်ပွဲနယ်မြေဆီ ကျရောက်လာခဲ့ပြန်ပြီလေ။
ချူးယွန်ရဲ့ ခန္ဓာကိုယ်က အစိမ်းကောင်မီးလျှံတွေ တောက်လောက်နေပြီး သူတစ်ချက်လှုပ်ရှားလိုက်တိုင်းမှာ ကြောက်မက်ဖွယ်ကီစွမ်းအင်တွေ ထွက်ပေါ်လာစမြဲ...
ချူးယွန် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်တာနဲ့ လေထဲမှာ ကြီးမားတဲ့ လက်ဝါးပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီလေ။ထိုလက်ဝါးပုံရိပ်ကြီးကို အလွန်ပူလောင်တဲ့ မီးလျှံတွေက လွှမ်းခြုံနေလို့ပါ။သူတို့နဲ့ လက်ဝါးပုံရိပ်ကြီးကြားမှာ အတားအဆီးတစ်ခုရှိနေပေမယ့်လည်း အလွန်ပြင်းပြတဲ့ အပူစွမ်းအင်တွေကို ခံစားနေခဲ့ရပါတယ်။
ချူးယွန်ရဲ့ တိုက်ခိုက်မှုကြောင့် လန်လျန်းယုံ ပြန်လည်သတိဝင်လာခဲ့ပါပြီ။
သူပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ချန်းလော့မို၊ တန်းဟွာအိုင်းရန်နဲ့ ရဲလျိုရှီတို့က အေးစက်စွာ ကြည့်နေကြလို့ပါ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...