အပိုင်း_265_ရွှမ်းဟွမ်ကူးကီ

365 38 0
                                    

အပိုင်း_265_ရွှမ်းဟွမ်ကူးကီ

"ဟမ်?"
ချူးယွန်လက်သီးချက်ထုတ်ဖော်လိုက်တာနဲ့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါပြီ။

အကုန်လုံးက နတ်ဘုရားစွမ်းရည်နယ်ပယ်တွေမို့ ချူးယွန်လက်သီးချက် ဘယ်လောက်ထိပြင်းထန်တယ်ဆိုတာ သူတို့သိကြပါတယ်။

"လူရိုင်းတော့အန္တရာယ်များနေပြီ"
ဒါက လူတိုင်ရဲ့နှလုံးသားထဲမှာ အလိုလိုတွေးလိုက်မိကြတာပါ။

ကူဟုန်ရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာတယ်... သူ့သားက ဒီချူးယွန်ဆိုတဲ့ကောင်စုတ်လေးအတွက် အကောင်းဆုံးလိုက်ကြိုးစားပေးနေတာသိပေမယ့် ချူးယွန်မှာလဲ တစ်ကယ်တမ်းကျွမ်းကျင်မှုတွေရှိနေလိမ့်မယ်လို့ သူထင်မထားခဲ့ပါဘူး။

"ဝုန်း"
ချူးယွန်လက်သီးနဲ့ လူရိုင်းရဲ့လက်သီးတွေ့ဆုံသွားခဲ့ပြီလေ။ ပေါက်ကွဲသံတစ်ချက်နဲ့အတူ လူရိုင်း လွင့်စင်သွားခဲ့ပါပြီ။

ဒါက ရိုးရှင်းတဲ့လက်သီးချက်တစ်ချက်ဆိုပေမယ့် လူတိုင်းစိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာခဲ့ပါတယ်။

ချူးယွန်က ထိုလူရိုင်းကိုအနိုင်ယူဖို့ ခွန်အားကုန်ထုတ်သုံးခဲ့တာမဟုတ်ပါဘူး။ဒါက ချူးယွန်ရဲ့ခွန်အားဟာ ကြောက်မက်ဖွယ်ကောင်းအောင်သန်မာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ...

"အရှက်ရစရာဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်"
ချူးယွန်ပြုံးပြီး သူ့လက်သီးကိုပြန်ရုတ်လိုက်ပါတယ်။သူ့မျက်နှာပေါ်မှာ အောင်နိုင်သူတစ်ယောက်လိုမောက်မာနေတာမျိုးမရှိပဲ တည်ငြိမ်နေလို့ပါ။

"လူငယ်သူရဲကောင်းတစ်ယောက်ပေါ်လာပြီပဲ!"

လီရင်လဲ ကြက်သေသေနေရာက ပြန်သတိဝင်လာပြီး ကူချွမ်ကိုပြောလိုက်ပါတယ်။
"ကူအာ... မင်းရဲ့ သူငယ်ချင်းက မဆိုးဘူးပဲ... သူက မာရှယ်နီကိုတိုက်ခိုက်မယ့်အထဲပါဝင်ချင်ရင် ငါတို့ဆွေးနွေးလို့ရတယ်"

သူ့ရဲ့အမြင်အရတော့ ကူဟုန်သေတာနဲ့ ကူချွမ်လဲသေရမှာပါ။သူက ကော်လံရဲ့အသိမှတ်ပြုမှုကိုရထားသူတစ်ယောက်လေ။သူ့ကိုသာ ဆက်ပြီးကြီးထွားမှုပေးရင် တစ်နေ့ကျရင် သူ့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာနိုင်တယ်မဟုတ်လား။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Onde histórias criam vida. Descubra agora