အပိုင်း_381_သူသေရမယ်

408 35 0
                                    

အပိုင်း_381_သူသေရမယ်

ချူးယွန်တို့တိုက်ပွဲက လေးရက်မြောက်နေ့မှာပါ... ဒါကြောင့်ပဲ သူအနားယူဖို့ အချိန်သုံးရက်ရတယ်လေ။

ခွန်အားကြီးမားမှုမရှိတဲ့သိုင်းပညာရှင်တွေအတွက် သုံးရက်တိတိခါးသီးစွာကျင့်ကြံရင်းနဲ့ တိုက်ပွဲရလဒ်ကိုပြောင်းလဲစေနိုင်ပါတယ်။

ဒါပေမယ့် ချုးယွန် အတွက်တော့ သက်ဆိုင်မှုမရှိပါဘူး။သူက အရမ်းသန်မာပြီး သူ့ခွန်အားက ထူးခြားတဲ့နယ်ပယ်တစ်ခုကိုရောက်နေခဲ့ပါပြီ။

စစ်မှန်တဲ့ ကောင်းကင်ဂုဏ်‌ဆောင်ပါရမီရှင်တွေသာ နားလည်ပါလိမ့်မယ်... တန်းတွေထဲကတောင် တန်းဇီရှန်း၊ တန်းရှီ၊ သူမမြင်ဖူးသေးတဲ့ တန်းဝူတိနဲ့ နဂါးစွယ်မြက်နိုးထလာမယ့် တန်းဟွာရန်သာ သူနဲ့နှိုင်းယှဉ်နိုင်ပါလိမ့်မယ်။ကျန်လူတွေက ဒီနယ်ပယ်ကိုထိတွေ့နိုင်ဖို့မလွယ်သေးဘူး... ထိုလူတွေက သူ့ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မှာလဲ?

"နင့်ဒဏ်ရာဘယ်လိုနေလဲ?"
တန်းဇီရှန်း စိုးရိမ်ပူပန်နေတဲ့မျက်နှာနဲ့ လျှောက်လှမ်းလာခဲ့ပါပြီ။

တန်းဟွာရန် ချက်ချင်းပဲပြုံးကာ ပြောလိုက်ပါတယ်။
"ငါအတော်ပြန်ကောင်းနေပါပြီ... ငါအသက်ရှင်နေဦးမယ်လို့ ထင်မထားခဲ့ဘူး... အလင်းဓါးနဲ့ငါ့ကိုထိုးလိုက်တော့ ငါသေပြီလို့ထင်တာ!"

"ငါမင်းကိုကယ်ထားတာ!"
ချူးယွန်ပြုံးပြီး တန်းဟွာရန်ပုခုံးကို ခပ်ဖွဖွထိုးကာပြောလိုက်တယ်။
"တန်းယိကျီသေသွားတော့ တန်းယောက်ကျီမျက်နှာက သွေးကြောတွေဖောင်းကြွနေတဲ့အထိ ဒေါသထွက်နေပြီး စိတ်တိုလွန်းလို့ သူသေသွားမယ်လို့တောင် ထင်ရတယ်!"

"ကျေးဇူးတင်ပါတယ်ချူးယွန်... နှစ်ပေါင်းများစွာကြာတဲ့အထိ မင်းငါ့အပေါ်မှာ အမြဲကောင်းခဲ့တာပဲ"
တန်းဟွာရန်မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေပြည့်နှက်နေပြီး ပြောလိုက်တယ်။

"မင်းကိုယ်မင်းလည်းကျေးဇူးတင်သင့်တယ်... မင်းသာ နည်းနည်းလောက်တွန့်ဆုတ်သွားရင် သေရမယ့်လူက သူမဟုပ်ပဲ မင်းဖြစ်နေလိမ့်မယ်!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Donde viven las historias. Descúbrelo ahora