အပိုင်း_277_နဂါးပင်လယ်ထဲပြန်ဆင်းလာပြီ
"ဟူး!"
ချူးယွန်အသက်ပြင်းပြင်းရှုပြီး သူ့ကိုယ်ထဲမှာ စွမ်းအင်တွေပြည့်နှက်နေတာကိုခံစားလိုက်မိပါပြီ။သူ တာအိုနားလည်ခြင်းစင်မြင့်ကိုပြန်သိမ်းပြီး သူ့ခါးကိုအနည်းငယ်လိမ့်ကာ အညောင်းညာဖြေလိုက်ပါတယ်။
"စွမ်းအင်တွေပြည့်နေတာက တစ်ကယ်ခံစားလို့ကောင်းတယ်!"
ချူးယွန်ခေါင်းမော့ကြည့်လိုက်တော့ တာ့လင်ရဲ့ခန္ဓာကိုယ်က သိပ်သည်းတဲ့ရွှမ်းဟွမ်ကူးကီတွေနဲ့ဖုံးအုပ်နေပြီး သူမကဒါကိုသန့်စင်ဖို့ အတော်ကြာဦးမယ့်ပုံပါပဲ။"သွားချိန်တန်ပြီ... စီနီယာဝိညာဉ်သစ်ပင်နဲ့ ဟိုအနံ့ဆိုးတဲ့မျောက်က ငါ့ကိုစိုးရိမ်နေလိမ့်မယ်"
ချူးယွန်တီးတိုးပြောဆိုပြီး ခန်းမကြီးရဲ့အပြင်ကိုထွက်ခွာလာခဲ့ပါပြီ။ခန်းမကြီးက မြေအောက်အကျဉ်းထောင်ထဲမှာပါ...။
ပြောရရင် ချူးယွန်အနေနဲ့ အပြင်ကို လမ်းလျှောက်ထွက်ဖို့မလိုအပ်ခဲ့ပါဘူး။ဒါပေမယ့် သန့်စင်ခြင်းလမ်းကိုးပါးစေတီပိုင်ရှင်ဖြစ်လာပြီး ခံစားချက်လဲကောင်းမွန်နေတာမို့ သူလမ်းလျှောက်သွားဖို့ စီစဉ်လိုက်တာပါ။
အကျဉ်းထောင်ထဲရောက်တာနဲ့အမှောင်နဲ့နက်ရှိုင်းတဲ့ပတ်ဝန်းကျင်က ဧရိယာတစ်ခုလုံးကိုလွှမ်းမိုးထားပါတယ်။အေးစက်တဲ့စွမ်းအင်လှိုင်းတစ်ခုက ချူးယွန်ကိုလယထိတွေ့တယ်။
ချူးယွန်ရဲ့မျက်နှာကတော့ ပြုံးရွှင်နေလို့ပါ။ဒီတစ်ကြိမ်မှာတော့ အမှောင်နဲ့သိပ်သည်းတဲ့ကီတွေက သူ့အပေါ်မှာအကျိုးသက်ရောက်မှုမရှိစေခဲ့ပါဘူး။တစ်ကယ်တော့ သူသာဆန္ဒရှိရင် အကျဉ်းထောင်ရဲ့ပုံစံကို ကြိုက်သလိုပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
အကျဉ်းထောင်ထဲရောက်တာနဲ့သူပထမဆုံးတွေ့ရတာက အစစ်အမှန်နဂါးရဲ့လှောင်အိမ်ကိုပါ။
ချူးယွန်ကိုမြင်တော့ အစစ်အမှန်နဂါးက သူ့ရဲ့နီရဲနေတဲ့မျက်လုံးကြီးတွေနဲ့စိုက်ကြည့်ပြီးပြောဆိုလိုက်ပါပြီ။
"မင်းကိုကြည့်ရတာ သန့်စင်ခြင်းလမ်းကိုးပါးစေတီရဲ့သခင်အသစ်ဖြစ်လာပြီး မုရုံခန်းနဲ့လဲ တွေ့ဆုံပြီးပြီထင်တယ်။ အခု သူပေးခဲ့တဲ့ကတိကိုဖြည့်ဆည်းပေးဖို့ အချိန်တန်ပြီမဟုတ်လား?"
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...