အပိုင်း_225_အဆင့်တက်ခြင်း

439 37 0
                                    

အပိုင်း_225_အဆင့်တက်ခြင်း

စုန့်ကျိုးရဲ့မျက်လုံးတွေက အလင်းတွေတလက်လက်တောက်ပလာပြီး သူ့လက်ထဲရှိ ရှစ်စွန်းရွှေခရမ်းတူက ခြိမ်းခြောက်နိုင်စွမ်းရှ်ိတဲ့အော်ရာတွေက ထွက်ပေါ်နေခဲ့ပါပြီ။

"ဂျူနီယာယန်... နင့်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ငါစိတ်ကူးထားတာထက်ကျော်လွန်နေတယ်ဆိုတာတော့ ငါဝန်ခံရမယ်... တကယ်လို့ အချို့နည်းလမ်းတွေသာထုတ်မပြရင် ငါ့ကိုအထင်သေးကုန်ကြလိမ့်မယ်"

စုန့်ကျိုးရဲ့စကားကိုကြားတော့ ယန်ရှောင်ရဲ့လှပတဲ့မျက်နှာလေးက ပြုံးရွှင်စွာနဲ့ပြောလိုက်တယ်။
"စီနီယာအကိုစုန့် ကျေးဇူးပြုပြီး"

"ဝုန်း"
ကြောက်ဖွယ်စွမ်းအင်လှိုင်းတွေက ရှစ်စွန်းရွှေခရမ်းတူကနေ ရုတ်တရက်ထွက်ပေါ်လာကာ တူက မူလအနေထားကနေဆယ်ဆခန့်ပိုကြီးထွားလာခဲ့ပြီလေ။စုန့်ကျိုးရဲ့ထိန်းချူပ်မှုအောက်မှာပဲ  ယန်ရှောင်ကို ‌ထုန်နှက်ချလိုက်ပါပြီ။

"ဂျုန်း"
စင်မြင့်တစ်ခုလုံးက အန္တရာယ်ရှ်ိတဲ့အော်ရာတွေနဲ့ပြည့်နှက်နေလို့... ဧရာမတူကြီးက ယန်ရှောင်ရဲ့ ခန္ဓာကိုယ်လေးဆီ အားအင်ပြင်းထန်စွာနဲ့ထုနှက်လာခဲ့ပြီး ရှောင်တိမ်းဖို့လဲ မဖြစ်နိုင်တော့ဘူး။

"ဒီလှုပ်ရှားမှုက ဂိုဏ်းထဲက သိုင်းပညာရပ်တော့မဟုတ်နိုင်ဘူး... ဒါက အတော်စိတ်ဝင်စားစရာပဲ။ ဒီမင်းသားမှာ နောက်ခံကောင်းကောင်းတော့ရှိနိုင်တယ်!"
ကျီအန်းယွင် လေထဲမှာရပ်နေပြီး ခေါင်းညိမ့်ကာ ပြောလိုက်တယ်။

ယန်ရှောင် သူမရဲ့လက်ကလေးတွေကိုလျင်မြန်စွာလှုပ်ရှားပြီး ဇီသာကိုတီးခတ်လိုက်တာနဲ့ အသံလှိုင်းလေးတွေက ပဲ့တင်သံထွက်ပေါ်လာပြီး အတားဆီးတစ်ခုလို ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါပေမယ့် လေးလံတဲ့တူရဲ့စွမ်းအားက တောင်ကြီးတစ်လုံးအလား ယန်ရှောင်ကိုဖိအားပေးနေလို့...

"ဒင်!"
အသံတစ်ချက်နဲ့အတူ ဇီသာရဲ့ကြိုးတစ်ချောင်း ပြတ်ထွက်သွားခဲ့ပြီလေ။

ယန်ရှောင် အနည်းငယ်ပြုံးကာ ပြောလိုက်တယ်။
"စီနီယာအကိုစုန့်... ကျမအရှုံးပေးတယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Donde viven las historias. Descúbrelo ahora