အပိုင်း 344 သားရဲသုံးဆယ့်ခြောက်ကောင် လျို့ဝှတ်ပုံစံကောင်းကင်ဘုံကိုဖြတ်သန်းခြင်း

460 36 0
                                    

အပိုင်း 344 သားရဲသုံးဆယ့်ခြောက်ကောင် လျို့ဝှတ်ပုံစံ ကောင်းကင်ဘုံကိုဖြတ်သန်းခြင်း

"အဲတာဘာလဲ?"
ချူးယွန် စိတ်ထဲမှာ သိပ်မကောင်းတာမို့ စိတ်မရှည်ဟန်နဲ့ ပြောလိုက်ပါတယ်။

ဝမ်ချန်းရင် ချူးယွန်ရဲ့ သဘောထားကို ဂရုမစိုက်ခဲ့ပါဘူး။သူက ရယ်မောရင်း ကွက်လပ်လက်စွပ်ထဲက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပါပြီ။

ချူးယွန် နားမလည်နိုင်ဟန်နဲ့ ကြည့်ရင်း မေးလိုက်တယ်။
"သိုင်းပညာရပ်လား?"

"မဟုပ်ဘူး... သင်ကြားမှုလက်ဆွဲ(ညွှန်ကြားမှုစာအုပ်)"
ဝမ်ချန်းရင် သူ့လက်ထဲရှိ စာလိပ်လေးကိုဆွဲဖြန့်ပြီး စာလိပ်ထဲရှိ ဆန်းကျယ်တဲ့ပုံစံတွေကို ညွှန်ပြလိုက်ပါတယ်။

သူက တစ်လုံးချင်း ပြတ်သားစွာ ပြောလိုက်တယ်။
"ဒါကို သားရဲသုံးဆယ့်ခြောက်ကောင်လျို့ဝှတ်ပုံစံ  ကောင်းကင်ဘုံကိုဖြတ်သန်းခြင်း နည်းလမ်းလို့ခေါ်တယ်... ဒါက နတ်ဆိုးသားရဲသုံး‌ဆယ့်ခြောက်ကောင်ရဲ့ သွေးအဆီနှစ်နဲ့ ကောင်းကင်နွားသားရေပေါ်မှာ တအားဂရုစိုက်ပြီး ရေဆွဲထားခဲ့တာ"

"ဒီသားရဲသုံးဆယ့်ခြောက်ကောင်က တူညီတဲ့အရာတစ်ခုရှိတယ်... အဲတာက သူတို့က လျှပ်စီးလက်သလို အရမ်းမြန်ဆန်တာပဲ... ဒါရဲ့အကျိုးသက်ရောက်မှုကို မင်းခန္ဓာကိုယ်မှာရေးဆွဲပြီးတာနဲ့ မယုံနိုင်စရာကောင်းတဲ့အမြန်နှုန်းကို ထုတ်ဖော်နိုင်လိမ့်မယ်"

"အိုး"
ချူးယွန် လုံးဝစိတ်မဝင်စားဟန်ဆောင်လိုက်ပါတယ်။

ဒါပေမယ့်လည်း ဒီသားရဲ သုံး‌ဆယ့်ခြောက်ကောင် ကောင်းကင်ဖောက်ထွင်းတက်တူးက သူလိုအပ်နေတဲ့အရာတစ်ခုပါ... သူက အင်အားကြီးမားတဲ့ ရန်သူများစွာနဲ့ ရင်ဆိုင်ဖူးပေမယ့် အမြန်နှုန်းက သူ့ရဲ့အဟန့်အတားတစ်ခုလို ဖြစ်နေခဲ့တယ်မဟုပ်လား။

သူ့ရဲ့အမြန်နှုန်းက ပြိုင်ဘက်ကို လိုက်မမှီတဲ့အခါ ပြိုင်ဘက်ကို တိုက်ခိုက်နိုင်ဖို့ သူ့ရဲ့စိတ်စွမ်းအင်ကို အစွမ်းကုန်အသုံးပြုပြီး ကြိုးစားခဲ့ရတယ်လေ။

ဒါက နည်းလမ်းကောင်းတစ်ခုမှ မဟုပ်တာ...

(ပြိုင်ဘက်က ငါ့ထက်အများကြီးပိုမြန်နေရင် ဘယ်နှယ့်လုပ်ရမလဲ? ငါ့ရဲ့ဝိညာဉ်စွမ်းအင်က တစ်ခုခုလွဲမှာနေခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲ?)

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ حيث تعيش القصص. اكتشف الآن