အပိုင်း_270_ပြင်ပတမန်တော်

359 43 0
                                    

အပိုင်း_270_ပြင်ပတမန်တော်

ချူးယွန်နှလုံးသားထဲမှာလဲ စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။

ပထမဆုံးစစ်ပွဲတုန်းက ချူးယွန်အနေနဲ့ မာရှယ်နီကိုသတ်ဖို့ ယုံကြည်ချက်မရှိခဲ့ပါဘူး။သူတို့ကြားမှာ အဆင့်ကွာခြားမှုက ကြီးမားခဲ့တယ်လေ။

ဒါပေမယ့် အပျက်ဆီးနယ်မြေမှာ ရှေးဟောင်းမှော်ချိန်းကြိုးလို ပညာရပ်မျိုးရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ!

နောက်ပြီး ရွှမ်းဟွမ်ကူးကီရဲ့တန်ဖိုးက မာရှယ်နီရဲ့ဦးခေါင်းပါ... သူသာ ရွှမ်းဟွမ်ကူးကီရရှိခဲ့ရင် တိုင်ဂန်တိုက်ကြီးကိုပြန်နိုင်မှာဖြစ်ပြီး နောက်ဆုံးစမ်းသပ်မှုကိုကျော်ဖြတ်ကာ တာ့လင်ရဲ့အသိမှတ်ပြုမှုကိုရယူနိုင်မှာပါ။

မိုးကုတ်စက်ဝန်းအောက်မှာအော်ဟစ်သံတွေဆူညံနေပြီး ကောင်းကင်တောင် သွေးရောင်ပြောင်းနေခဲ့သလို ထင်ရစေတယ်...

ဒါက မဟာချင်အင်ပါယာစစ်တပ်ရဲ့သွေးတွေပါ...

အပျက်ဆီးနယ်မြေကလူတွေရဲ့မျက်လုံးတွေက နီရဲနေခဲ့ကြပါပြီ။

မဟာချင်အင်ပါယာက သူတို့ကျော်ကြားဖို့အတွက် များပြားတဲ့နိုင်ငံတွေ၊အင်ပါယာတွေကို ဖျက်ဆီးခဲ့ကြတယ်... ကံကောင်းထောက်မပြီး လွတ်မြောက်လာ‌သူတွေကလည်း နေစရာမရှိတာကြောင့် အပျက်ဆီးနယ်မြေကိုပဲပြေးကြရတယ်လေ။

မဟာချင်အင်ပါယာရဲ့လက်က လွတ်မြောက်ဖို့ပြေးရင်း အပျက်ဆီးနယ်မြေမှာအခြေချကာ ထိုနေရာက သူတို့ရဲ့အိမ်လိုဖြစ်လာခဲ့ပါပြီ။

အခုတော့ သူတို့က ရေနစ်နေတဲ့ခွေး‌တစ်ကောင်ကို ရိုက်နှက်ဖို့အခွင့်ရေးရလာပြီမို့ ဒီအခွင့်ရေးကို ဘာကြောင့်လက်လွှတ်ခံရမှာလဲ!

"သူတို့အားလုံးကိုသတ်!"

အချို့အပျက်ဆီးနယ်မြေရဲ့ကျွမ်းကျင်သူတွေဟာ သွေးပင်လယ်ကြီးထဲမှာ စိတ်လှုပ်ရှားစွာယစ်မူးနေခဲ့ကြပါတယ်။

မဟာချင်အင်ပါယာရဲ့စစ်တပ်ကတော့ ဝမ်းနည်းပူဆွေးစွာနဲ့ ‌နာကျင်စွာအော်ဟစ်ညည်းတွားလို့ အသက်အတွက်ထွက်ပြေးနေလို့ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now