အပိုင်း_298_တာ့လင်ရဲ့ဒေါသ

436 40 0
                                    

အပိုင်း_298_တာ့လင်ရဲ့ဒေါသ

ချူးယွန် ကောင်းကင်ထက်မှာပျံသန်းနေရင်း ပတ်ဝန်းကျင်ကိုကြည့်ရှု စစ်ဆေးနေလို့ပါ။

တန်းကလန်က ကြီးမားတဲ့ ကမ္ဘာခြမ်းနယ်ပယ်ကြီးနဲ့တူပါတယ်။တန်းကလန်ရဲ့အဆုံးမှာတော့   ရှင်းလင်းစွာမမြင်နိုင်တဲ့ မူလအလွှာတစ်ခုကအလား တောင်တန်းနံရံကြီးတွေက မိုးနဲ့မြေကိုထောက်ပံ့ပေးခဲ့တယ်။

ကမ္ဘာမြေပေါ်မှာ မြို့တော်သုံးသုံးခုအပြင် မရေတွက်နိုင်အောင်မြားပြားတဲ့ မြို့လေးတွေနဲ့ ရွာလေးတွေလဲတည်ရှိနေကြလို့ပါ။

တစ်ခါတစ်ခါ ကြီးမားတဲ့သစ်တောကြီးတွေအတွင်းကနေ မြေပြင်ကိုတုန်ခါစေနိုင်တဲ့ နတ်ဆိုးသားရဲကြီးတွေရဲ့ ဟိန်းဟောက်သံတွေထွက်ပေါ်လာပါတယ်။

ချူးယွန် နောက်ဆုံးမှာတော့ ကောင်းကင်အဆုံး ကြီးမားခန့်ထည်တဲ့ အဓိကမြို့တော်ကြီးကိုမြင်လိုက်ရပါပြီ။အဓိကမြို့တော်ကို အလင်းရောင်မှိန်ဖျော့ဖျော့တစ်ခုက ဖုံးလွှမ်းထားလို့ပါ... ထိုအလင်းက ဖန်သားအကာအကွယ်တစ်ခုအလား... အရာအားလုံးကိုဖုံးလွှမ်းကာ ပိတ်ဆို့ထားခဲ့ပါတယ်။

"ဝိညာဉ်စုစည်းခြင်းအစီအရင်!"
ဒါကိုမြင်တော့ ချူးယွန် လေအေးကြီးကို ရှုလိုက်မိပြီလေ။

"ဝိညာဉ်စုစည်းခြင်းအစီအရင်"က အလွန်ရှုပ်ထွေးတဲ့ လျို့ဝှတ်ပုံစံအစီအရင်တစ်ခုပါ... ဒါက ဝိညာဉ်စွမ်းအင်တွေကို နယ်မြေတစ်ခုထဲမှာစုဝေးနေစေတယ်...  ‌ဒါကြောင့် လေထဲရှ်ိဝိညာဉ်စွမ်းအင်တွေက သိသည်းလာပြီး ကျင့်ကြံတဲ့နေရာမှာ သာမန်ထက်ပိုမြန်ဆန်စေပါတယ်။

နောက်ပြီး အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေနေတွေမှာဆိုရင်လဲ ဝိညာဉ်စုစည်းခြင်းအစီအရင်က နှစ်ပေါင်းများစွာသိုလှောင်ထားတဲ့ ဝိညာဉ်စွမ်းအင်တွေကို အသုံးပြုကာ မြို့တော်ကိုကာကွယ်မယ့် အလင်းအကာကွယ်အဖြစ် အသုံးပြုနိုင်တယ်လေ။

ချူးယွန်အနေနဲ့ ဝိညာဉ်စုစည်းခြင်းအစီအရင်က အရင်က မမြင်ဖူးတာမျိုးမဟုတ်ပါဘူး။ဒါပေမယ့် မြို့ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ ဝိညာဉ်စုစည်းခြင်းအစီအရင်ကိုတော့ အခုမှသာ မြင်ဖူးခဲ့တာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Donde viven las historias. Descúbrelo ahora