အပိုင်း_357_စည်းမျဉ်းတွေကိုစိန်ခေါ်သူ
"မင်း... မင်းကိုရိုက်လိုက်တယ်မဟုပ်လား?"
တန်းချွမ် အလွန်တုန်လှုပ်သွားပါတယ်... ချူးယွန်ကို သူ့ရဲ့ စွမ်းအင်လှိုင်းတွေ ဖုံးလွှမ်းသွားတာ သူမြင်လိုက်ရတယ်လေ... သူဘယ်လို အဆင်ပြေနေတာလဲ?"မင်းမြင်လိုက်ရတာက ငါ့ရဲ့နောက်ကျန်ပုံရိပ်လေ... အရူးပဲ"
ချူးယွန် အေးစက်စက်ရယ်ရင်း လက်ဝါးတစ်ချက်ထုတ်ဖော်လိုက်ပါတယ်။တိမ်တွေကိုမှောက်လှန်မယ့်လက်က ရုတ်တရက် ထွက်ပေါ်လာခဲ့ပါပြီ။ကြောက်မက်ဖွယ်အော်ရာတွေကလည်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီလေ။
လက်ဝါးရိုက်ချက်ရဲ့စွမ်းအားက အမြင့်ဆုံးကို ရောက်လာခဲ့ပါတယ်။
တန်းချွမ် သူ့ခွန်အားကိုဖုံးကွယ်မထားရဲတော့ပါဘူး... သူ့သိုင်းဝိညာဉ်ကို ချက်ချင်းဆင့်ခေါ်လိုက်တော့တယ်။
ဒါက ကောင်းကင်အဆင့်သုံး
ကမ္ဘာ့သွေးကြောနဂါးချပ်ဝတ်သားရဲသိုင်းဝိညာဉ်ပါ... ပြောရရင် ဒါက နဂါးသွေးပါတဲ့ ပုတ်သင်ညိုတစ်ကောင်လေ... သူ့ရဲ့ အသားရေက ထူထဲပြီး နည်းလမ်းစုံသုံးလို့ရပါတယ်။"ဂျွတ် ဂျွတ်"
ထူးခြားတဲ့အသံတွေထွက်ပေါ်လာပေမယ့်
သူ့ခန္ဓာကိုယ်က ကြီးထွားမလာပါဘူး... ဒီအစား သူက ပြန်ကျုံ့သွားပါတယ်။တန်းချွမ်က မူလက နှစ်မီတာခန့်ရှိပေမယ့်
အခုချိန်မှာတော့ တစ်ဒဿမငါးမီတာခန့်သာ
ရှိပါတော့တယ်... ဒါပေမယ့် သူ့ခန္ဓာကိုယ်က
ပိုမာကျောအကြမ်းခံနိုင်လာပါတယ်။များပြားတဲ့အဝါရောင်အကြေးခွံ့တွေကလည်း သူ့ကြွက်သားတွေတစ်လျှောက် ဖြစ်တည်လာကြပြီး လေဟာနယ်ကိုတုန်ခါစေတယ်။
"ဝုန်း"
မြေပြင်က တုန်ခါသွားခဲ့ပြီး
တိမ်တွေကိုမှောက်လှန်မယ့်လက်က တန်းချွမ်ကို
မီတာအတော်များများထိ လွင့်စင်သွားစေခဲ့ပါပြီ။"ဝှား"
ဒါကိုမြင်တဲ့အစောင့်တွေ လေအေးကြီးကို ရှုလိုက်မိကြတယ်။တန်းချွမ်ရဲ့သိုင်းဝိညာဉ်က
နဂါးသွေးစက်ကိုပိုင်ဆိုင်ထားပြီး အင်အားကြီးမားတဲ့ သိုင်းဝိညာဉ်တွေထဲက တစ်ခုပါ...
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...