အပိုင်း_367_ပထမတိုက်ပွဲ_တန်းရမ်နဲ့ချူးယွန်
"မင်းလုပ်ချင်တာလုပ်နိုင်စေဖို့ ငါမျော်လင့်တယ်"
ချူးယွန်အနေနဲ့ အဖွဲ့ထဲမှာ တန်းဇီရှန်းနဲ့မတွေ့မချင်း ဂရုမစိုက်ပါဘူး။အခြားဘယ်သူပဲဖြစ်ဖြစ် သူအလွယ်အနိုင်ယူနိုင်လိမ့်မယ်။
"မင်းက ခေါင်းမာတယ်... မင်းဘယ်လောက်ထိခေါင်းမာနိုင်မလဲ ငါသိချင်စမ်းတယ်"
တန်းရမ် ကြမ်းကြုတ်ဟန်နဲ့ကြည့်ကာ ချူးယွန်နဲ့ တိုက်ခိုက်ရဖို့ သူမစောင့်နိုင်တော့ပါဘူး။"သေစမ်း... ငါက အမဇီရှန်းနဲ့တစ်ဖွဲ့ထဲဟ!"
တစ်ယောက်က တုန်လှုပ်စွာ အော်ဟစ်လိုက်တယ်။
"ငါရောပဲဟ... ငါတို့တွေက ဘဝတူတွေပါလား!"
အခြားတစ်ယောက်ကလည်း သက်ပြင်းချလိုက်တယ်။"ငါကလည်း မင်းတို့ထက်ပိုမကောင်းဘူးဟ... အမဇီရှန်းနဲ့မတွေ့ပေမယ့် အကိုယောက်ကျီနဲ့ တစ်ဖွဲ့ထဲဖြစ်နေတယ်ကွာ"
တန်းဇီရှန်း၊ တန်းယောက်ကျီတို့နဲ့ တစ်ဖွဲ့ထဲကျသူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြတယ်။သူတို့ ဘယ်လိုပဲကြိုးစားပါစေ ဒီတောင်ကို မကျော်နိုင်တော့တာ သိကြပါတယ်။
သူတို့က စိတ်ပျက်ကုန်ကြပေမယ့် အများကြီးအရှုံးမရှိပါ... ဒါပေမယ့် ဒါက သူတို့ရဲ့ခွန်အားမလုံလောက်မှုကြောင့်ပဲလေ... ဘာပဲဖြစ်ဖြစ် အင်အားကြီးကျွမ်းကျင်သူတွေနဲ့ အတူယှဉ်ပြိုင်ရတဲ့အတွက် ပညာတော့ ရလိုက်ကြမှာပါ...
နောက်ထပ် စိတ်ဝင်စားစရာတစ်ချက်က တန်းဟွာရန်နဲ့ တန်းယိကျီက တစ်ဖွဲ့ထဲမှာ ကျရောက်နေခြင်းပါပဲ...
တန်းဟွာရန်မှာ အခြားမလိုလားအပ်တဲ့အတွေးတွေ မရှိပါဘူး...
တန်းယိကျီရဲ့ အနိုင်ကျင့်မှုကြောင့် သူက လုံ့လစိုက်ထုတ်ကာကျင့်ကြံပြီး တစ်နေ့ကျရင် တန်းယိကျီကိုပြန်လက်စားချေဖို့ တွေးထားခဲ့ပါတယ်။ထိုနေ့က မြန်ဆန်စွာရောက်လာလိမ့်မယ်လို့တော့ သူထင်မထားခဲ့ပါဘူး။
"တန်းဟွာရန်"
တန်းယိကျီရဲ့မျက်လုံးတွေက တောက်ပနေပြီး
"ငါတို့ ထပ်တွေ့ကြပြန်ပြီနော်!"
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...