အပိုင်း_280_ငါမင်းအနောက်ကိုလိုက်ချင်တယ်

477 40 1
                                    

အပိုင်း_280_ငါမင်းအနောက်ကိုလိုက်ချင်တယ်

ယန်အိုချန်းက လူခွန်းမင်ကို အတင်းအကြပ်သွပ်သွင်းခဲ့ပြီး အခုတော့ သူနဲ့အတူကျဆုံးခန်းကိုရောက်ရပါပြီ။

ကျိဝူမင်က ထူးခြားတဲ့အရည်ချင်းနဲ့သတ္တိရှိသူတစ်ယောက်ဖြစ်ပြီး သူ့စကားလုံးတွေက ဖြောင့်မတ်တယ်။သူကယန်အိုချန်းအပေါ်အကြွေးတင်ခဲ့ပေမယ့် အခုသူ့နည်းလမ်းအတိုင်းပြန်ပေးဆပ်လိုက်ပါပြီ။

သူ့ကြောင့်ပဲ အကြီးအကဲသေရတာပါ...

ယန်အိုချန်းသာ လူခွန်းမင်ကိုအတင်းအကြပ်မသွပ်သွင်းရင်  အကြီးအကဲဒီလောက်မြန်မြန်သေရမှာမဟုတ်ပါဘူး။

စီတုပင်ဟဲရဲ့မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး အနောက်အနည်းငယ်ဆုတ်လိုက်ရပါတယ်။သူက ခေါင်းလှည့်ပြီး သူပြောတာအဆင်ပြေ၊‌မပြေ မေးတဲ့ပုံနဲ့ ချူးယွန်ကိုတစ်ချက်ကြည့်လိုက်တယ်။

ချူးယွန် ထိုအကြည့်ကိုသတိပြုမိတဲ့အတွက် ကောင်းကောင်းလုပ်ခဲ့တယ်ဆိုတဲ့ဟန်နဲ့ ခေါင်းညိမ့်ပြလိုက်ပါပြီ။

ချူးယွန်က လူမိသားစုကိုမကြောက်ပေမယ့် သူ့မှာလုပ်စရာကိစ္စတွေရှိသေးတာမို့ လူမိသားစုနဲ့သူ့အချိန်တွေကို ဖြုန်းမနေနိုင်ပါဘူး။

ဒါကြောင့် သူ့အနေနဲ့ နတ်ဆိုးတွေအပေါ်လွှဲချဖို့သာကြိုးစားခဲ့ရပါတယ်။

ယန်ရှောင် ယန်အိုချန်းကိုဝမ်းနည်းစွာကြည့်ပြီးပြောလိုက်တယ်။
"အဖေ... အဖေက အိမ်မှာအချိန်အကြာကြီးမရှိခဲ့ပဲ အခုပြန်ရောက်လာတော့လဲ သမီးအပေါ်ကို နွေးထွေးမှုမပေးခဲ့ဘူး... အဖေ့စိတ်ထဲမှာရှိနေတာက လူမိသားစုဆိုတဲ့အပင်ကြီးပေါ်ကို ဘယ်လိုတက်ရမယ်ဆိုတာပဲ... သမီးကို လူခွန်းမင်နဲ့လက်ထပ်စေချင်တယ်... အဖေက ကိုယ့်သမီးရဲ့အတွေးတွေကို နည်းနည်းမှထည့်မစဉ်းစားခဲ့ဘူး"

ယန်အိုချန်း လက်သီးဆုပ်ပြီး အော်ဟစ်လိုက်တယ်။
"ငါနင့်ကိုဂရုစိုက်လို့ပဲ လူခွန်းမင်နဲ့လက်ထပ်စေချင်တာပေါ့! နင်က ချူးယွန်ကိုကြိုက်တယ်၊ဟုတ်လား? ပြောပါဦး ၊ သူက နင်နဲ့ထိုက်တန်ရဲ့လား? နင်သူ့ကိုဘာလို့ အိပ်မက်မက်နေတာလဲ!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Dove le storie prendono vita. Scoprilo ora