အပိုင်း_276_ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်
ချူးယွန် နားထောင်နေရင်း သူ့စိတ်နှလုံးထဲကတုန်လှုပ်မှုကို စကားလုံးနဲ့တောင်ဖော်ပြလို့မရပါဘူး။
မုရုံခန်းက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့အထိ မာနထောင်လွှားခဲ့သူပါ။သူက ဆိုးရွားတဲ့အဆုံးသတ်နဲ့ကြုံတွေ့ခဲ့ရပေမယ့် သူနောင်တမရခဲ့ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ ဒါကပဲ သူ့ရဲ့ပုံစံအမှန်ပဲလေ...
"ငါက ကောင်းကင်တာအိုကိုတောင် ချိုးဖြတ်ပြီး မသွားနိုင်ရင် အထွပ်ထိပ်မှာရောက်နေတာက ဘာအတွက်လဲ?"
မုရုံခန်း စူးရှစွာရယ်မောပြောဆိုရင်း မျက်ရည်များပါကျလုနီးပါးဖြစ်သွားခဲ့ပါတယ်။
ချူးယွန်စိတ်ထဲမှာလည်းတုန်ခါနေလို့ပါ။
ဟုတ်ပါတယ်... တိုင်ဂန်တိုက်ကြီးကိုချည်နှောင်ထားတဲ့ကြိုးတွေကိုမဖြတ်တောက်နိုင်ရင် ပိုကြီးမားကျယ်ပြန့်တဲ့လောကကြီးကို သူမြင်နိုင်မှာမဟုတ်ဘူး။
တိုင်ဂန်တိုက်ကြီး ဘယ်လောက်ပဲကြီးမားနေပါစေ အကန့်အသတ်တော့ရှိဉီးမှာပါပဲ...
ချူးယွန် သက်ပြင်းရှည်ကြီးကိုချလိုက်တယ်။
သူက မုရုံခန်းရဲ့ရှေ့မှာထိုင်ပြီး ခံစားချက်အပြည့်နဲ့ပြောလိုက်တယ်။
"စီနီယာမုရုံ... ခင်ဗျားရဲ့အကြောင်းကိုကြားလိုက်တော့ ကျွန်တော့မှာပြောစရာ ဇာတ်လမ်းနှစ်ခုရှိတယ်"မုရုံခန်း စိတ်ဝင်စားစွာနဲ့ခေါင်းညိမ့်လိုက်ပါပြီ။
"ကျွန်တော့်ရဲ့ဇာတိနယ်မြေမှာ ပုံပြင်ပေါင်းများစွာရှိပေမယ့် ဒဏ္ဍာရီနှစ်ခုကိုပြောပြမယ်... တစ်ခုက မျောက်တစ်ကောင်အကြောင်းဖြစ်ပြီး အခြားတစ်ခုကနီကျားလို့ခေါ်တယ်"
"နှစ်တစ်ရာသက်တမ်းရှိမယ့်ကျောက်တုံးကနေ မျောက်တစ်ကောင်ကိုမွေးဖွားလာခဲ့ပြီး အဲဒီမျောက်က ပင်လယ်ပြင်ကိုဖြတ်သန်းပြီးဆရာကြီးတစ်ဦးရဲ့ နတ်ဘုရားပညာရပ်တွေကိုသင်ယူခဲ့တယ်... ဒီနောက် နဂါးတွေဆီကရတဲ့ ရွှေတုတ်တံနဲ့ ကောင်းကင်နန်းတော်ကိုတောင်ဖရိုဖရဲဖြစ်စေနိုင်ခဲ့သလို........."
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...