အပိုင်း 319 မကောင်းတဲ့ စိတ်အတွေးရှိသူကို ဂရုဏာ မထားရ

418 39 0
                                    

အပိုင်း 319 မကောင်းတဲ့ စိတ်အတွေးရှိသူကို ဂရုဏာ မထားရ

စီတုပင်ဟဲက ကျိဝူမင်ရဲ့ဂိုဏ်းထဲကို အောက်ခြေကစပြီး အသန်မာဆုံးအဓိကတပည့်အဖြစ် တစ်ဆင့်ခြင်းတက်လှမ်းလာခဲ့သူပါ။

ဒါကြောင့် သူ့ရဲ့အစစ်အမှန်ခွန်အားကို မွေးစားဖခင်ဖြစ်တဲ့ လူရှမ်ချင်းတောင်မှ ကျိဝူမင်လောက်မသိနိုင်ပါဘူး။

လျူလင်းရဲ့ အမှောင်စိမ်းတစ္ဆေမီးတောက်တုတ်က ထူးခြားပေမယ့် အစစ်အမှန်ခွန်အားခြင်း ယှဉ်ရာမှာတော့ စီတုပင်ဟဲက ပိုသာခဲ့ပါတယ်။

ဒါကြောင့်လဲ အဆုံးမှာ စီတုပင်ဟဲက အနိုင်ရခဲ့တာပါ။

လျူလင်းကိုသတ်လိုက်ပြီးနောက် စီတုပင်ဟဲရဲ့မျက်လုံးတွေက အေးစက်နေဆဲဖြစ်ပြီး ဘာခံစားချက်မှ မရှိပါဘူး။

သူ ခေါင်းလှည့်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လူရှမ်ချင်းကို ကြည့်လိုက်ပါပြီ။သူ့မျက်လုံးတွေထဲက မုန်းတီးမှုအငွေ့အသက်တွေက အလွန်ကြောက်စရာကောင်းတာမို့ လေဟာနယ်တောင် တွန့်လိမ်သွားမလို ထင်ရစေပါတယ်။

လူရှမ်ချင်းရဲ့မျက်နှာက ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းတွေက တစ်ဆတ်ဆတ်တုန်ခါနေလို့ပါ။

လျူလင်းက စီတုပင်ဟဲကိုမသတ်နိုင်ရုံမက သူကိုယ်တိုင်ပါ သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ!

တစ်ကယ့်အမှိုက်ပဲ!

လျူလင်းက အဝါရောင်လက်စွပ်ဂိုဏ်းရဲ့ အသန်မာဆုံးတပည့်ပါ; သူက အားလုံးထဲမှာ အသန်မာဆုံးပါပဲ... သူက ရှုံးနိမ့်သွားပြီဆိုမှတော့ အခြားတပည့်တွေအတွက်လဲ မျှော်လင့်ချက်ရှိတော့မယ် မဟုပ်ဘူး...

စီတုပင်ဟဲ ကျိဝူမင်ရဲ့ဘေးကို ပြန်လျှောက်သွားခဲ့ပါပြီ။
"ဂိုဏ်းချူပ်!"

"ကောင်းတယ်!"
ကျိဝူမင်ရဲ့မျက်က အပြောင်းအလဲမရှိခဲ့... သူတို့ဂိုဏ်းက ဒီတစ်ကြိမ်မှာ နေရာတစ်နေရာရဖို့အတွက် အလွန်ခက်ခဲတာတော့ အမှန်ပါ... ဒါပေမယ့် သူတို့က အလွယ်တကူအနိုင်ကျင့်လို့ရတဲ့ဂိုဏ်းတော့ မဟုပ်ဘူး။

ငါတို့ကို ကိုက်ချင်တဲ့လူတိုင်းရဲ့ သွားတွေကို ရိုက်ချိုးပစ်လိုက်မယ်!

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Wo Geschichten leben. Entdecke jetzt