အပိုင်း_385_သူ့ကိုသတ်ပြီးဆုငွေထုတ်မယ်
အမျိုးသမီးက ပြုံးနေပေမယ့် သူမျက်လုံးထဲကအေးစက်ပြီး သတ်ဖြတ်ချင်စိတ်တွေပြည့်နှက်နေလို့ပါ။
သူမက ချူးယွန်ကိုကြည့်ရင်း ပြောလိုက်တယ်။
"ငါတို့ရဲ့ယုံကြည်မှုက ငါတို့ရဲ့ခွန်အားကလာတယ်... ငါတို့ကိုယ်တိုင်ထွက်လာမှတော့ နင့်ကိုသတ်ဖို့ တစ်ရာရာခိုင်နှုန်းယုံကြည်မှုရှိတယ်!""ငါသာဆိုရင် ဒီလိုခက်ခဲတဲ့အခြေနေမှာ ပြုံးနေနိုင်မှာမဟုပ်ဘူး"
သူမပြောပြီးတာနဲ့ သူမအနောက်ရှိ လူနှစ်ယောက်လည်း အရှေ့တိုးလာခဲ့ကြပါပြီ။သူတို့က အထူးတလည်လှုပ်ရှားတာမျိုးမလုပ်ပေမယ့် ချူးယွန်ကိုဘယ်ညာကနေဝိုင်းထားလိုက်တာပါ။
ချူးယွန် ထွက်ပြေးဖို့ကြိုးစားတာနဲ့ သူတို့က ချက်ချင်းတိုက်ခိုက်တားဆီးနိုင်ပါလိမ့်မယ်။
"ဒီအဖိုးကြီးက မင်းတို့ငှားထားတဲ့လုပ်ကြံသူပေါ့... ငါ့အနေနဲ့ပြောရရင် သူက အရမ်းဆိုးတယ်... သူ့ရဲ့လုပ်ကြံတိုက်ခိုက်မှုကလည်း ညံ့ဖျင်းလွန်းတာပဲ!"
ချူးယွန် ကြောက်စိတ်မရှိပါဘူး။"နင်ဂရုစိုက်စရာမလိုပါဘူး... နင့်မှာအသက်ရှင်ဖို့ အခွင့်ရေးမရှိတော့ဘူးဆိုတာပဲ သိထားသင့်တယ်"
လှပတဲ့အမျိုးသမီးပြောပြီးတာနဲ့ လူလတ်ပိုင်းနှစ်ဦးက လှုပ်ရှားလာခဲ့ကြပါပြီ။သူတို့က ချူးယွန်ကို တိုက်ခိုက်လာတာမဟုပ်ပဲ ကွက်လပ်လက်စွပ်ထဲကမှ အမှုန့်တစ်မျိုးကိုထုတ်ယူကာပတ်ဝန်းကျင်လေထဲကို လိုက်ဖြန်းလိုက်ကြတာပါ။
ချူးယွန် ထိုသူနှစ်ယောက်ရဲ့ရည်မှန်းချက်ကိုမသိတာမို့ မျက်မှောင်ကြုတ်လိုက်ပါပြီ။
"ဒါကိုလေထဲမှာဖြန်းလိုက်တာနဲ့ နင့်ကိုယ်က အနံ့တွေကို ပျောက်ကွယ်သွားစေနိုင်တယ်... ဒါဆိုရင် နင်ဘယ်ကိုသွားခဲ့မှန်း ဘယ်သူမှသိတော့မှာမဟုပ်ပဲ အရိုးတစ်သောင်းချောက်ထဲကို ရောက်လာတဲ့သူတွေပဲ မတော်တဆတွေ့ချင်တွေ့လိမ့်မယ်"
အမျိုးသမီးရဲ့မျက်နှာက အေးစက်နေလို့ပါ။ချူးယွန်ကိုသတ်ဖို့ သူက များစွာကြိုတင်ပြင်ဆင်ထားပါတယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...