အပိုင်း_370_အသန်မာဆုံးသိုင်းဝိညာဉ်များထဲကတစ်ခု
"ငါ့ကိုယုံတာမယုံတာက အရေးမကြီးဘူး... ငါဒါကိုလေ့လာနေတာတော့ နှစ်နှစ်ဆယ်ကျော်ပြီ... ငါဘာမှ လုပ်လို့မရဘူး"
တန်းဟွာရန် သက်ပြင်းချကာ ခေါင်းခါယမ်းရင်း
"ဒါက ကောင်းကင်ဘုံရဲ့ စနောက်မှုတစ်ခုလို့ငါခံစားရတယ်... အမှိုက်သိုင်းဝိညာဉ်ဆိုရင်လည်း
အဝါရောင်အဆင့်တစ်ပဲဖြစ်သင့်တယ်လေ... အဲတာကမှ ကျေနပ်စရာကောင်းဦးမယ်... အခုတော့ ကောင်းကင်အဆင့်ငါးကြီးနဲ့ ငါ့ကိုလှောင်ပြောင်ဖို့ လုပ်နေတာလား?""အဟမြး အဟမြး"
ချူးယွန် ချောင်းဟန့်လိုက်ပါတယ်... တန်းဟွာရန်ရဲ့ ပါးစပ်သေနတ်ပစ်ခြင်းခံရမယ်လို့ သူထင်မထားခဲ့ပါဘူး။"ဒီသိုင်းဝိညာဉ်ကြောင့်ပဲ ငါ့ရဲ့တိုက်ခိုက်နိုင်စွမ်းက အခြားသူတွေထက် နိမ့်ကျတယ်... အရင်တီအန်တာအိုဂိုဏ်းမှာတုန်းက အခြားသူတွေကိုဖိနှိမ်ဖို့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို အသုံးပြုခဲ့ရတာ!"
တန်းဟွာရန်မျက်လုံးထဲမှာ မရေမရာရှုပ်ထွေးမှုတွေပြည့်နှက်နေလို့ပါ... တစ်ကယ်လို့ ချူးယွန်နဲ့သူတို့ကြား ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်သာမဟုပ်ရင် သူဒါကို ဘယ်တော့မှ ထုတ်ပြမှာမဟုပ်ပါဘူး။
"ငါကတော့ မင်းမသေချာသေးဘူးလို့ထင်တယ်!"
ချူးယွန် အခိုင်အမာပြောလိုက်တယ်။သိုင်းဝိညာဉ်တွေက အရာအားလုံးကို ကိုယ်စားမပြုနိုင်ပေမယ့် ကြီးမားတဲ့အတိုင်းတာတစ်ခုအထိတော့ ပြသနိုင်ပါသေးတယ်။
နဂါးစွယ်မြက်သိုင်းဝိညာဉ်က သေချာပေါက်အမှိုက်သိုင်းဝိညာဉ်မဖြစ်နိုင်ပါဘူး။
တန်းဟွာရန် သူ့ရဲ့အင်အားကို အပြည့်အဝမပြသနိုင်တာက ဒါကို ကိုင်တွယ်ဖို့ နည်းလမ်းရှာမတွေ့သေးတာလဲဖြစ်နိုင်သေးတယ်မဟုပ်လား!
"တာ့လင် အမြန်လာပါဦး!"
ချူးယွန် စိတ်ထဲကနေ တာ့လင်ကို ခေါ်လိုက်ပါတယ်။သူမက ဗဟုသုတကြွယ်ဝသူမို့ သူ့ကို ကူညီကောင်းကူညီနိုင်တယ်လေ။"နင့်မှာပြဿနာတစ်ခုရှိနေပြီး နင်မဖြေရှင်းနိုင်လို့ ငါ့ကိုခေါ်တာလား?"
တာ့လင်ရဲ့ လှောင်ပြောင်တဲ့အသံထွက်ပေါ်လာခဲ့ပါပြီ။
KAMU SEDANG MEMBACA
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Aksiအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...