အပိုင်း_285_တီအန်တာအိုဂိုဏ်းသို့တစ်ခေါက်
သုံးရက်ကမျက်စီတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားပြီး ချူးကလန်ရဲ့ လူနေအိမ်တွေအကုန်လုံးဗလာလွတ်ဖြစ်သွားကြပါပြီ။
ဟွန်အန်မြို့နဲ့အနီးတစ်ဝိုက်ရှ်ိမြို့တွေက ဈေးဆိုင်တွေကိုတော့ စွန့်ပစ်ခဲ့ရပါတယ်။
ချူးတိုင်ကွန်ရဲ့အမိန့်အရ ချူးကလန်ရှိလူကြီးလူငယ်အကုန်လုံးက ကမ္ဘာငယ်လေးထဲပြောင်းရွှေ့နေထိုင်လိုက်ကြပြီလေ။သူတို့သယ်နိုင်သမျှ ကောင်းမွန်တဲ့အရာအားလုံးသယ်ဆောင်သွားခဲ့ကြပါတယ်။
ကမ္ဘာငယ်လေးထဲရောက်ပြီးနောက်မှာတော့ လူတိုင်းအံ့အားသင့်ကုန်ကြပါပြီ။ဒီလိုသေးငယ်တဲ့လေဟာနယ်အက်ကွဲကြောင်းလေးရဲ့အနောက်မှာ ကမ္ဘာငယ်လေးတစ်ခုရှ်ိနေလိမ့်မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ!
ဒါတွေအကုန်လုံးကချူးကလန်ရဲ့အစီအစဉ်ပါ... ရှောင်ထျန်းချန်ကိုသူသတ်လိုက်တယ်ဆိုတာကို ဘယ်လိုမှဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူးလေ။
ဒါကြောင့်သူ့မိသားစုကို အရင်ဆုံးရှောင်တိမ်းခိုင်းလိုက်တာပါ... ဒီလိုဆိုရင် သူ့ကိုဖမ်းမမိမချင်း သူ့မိသားစုလုံခြုံနေပါလိမ့်မယ်။
ထိုကမ္ဘာငယ်လေးက အလယ်ပိုင်းဒေသကြီးရဲ့ ထက်ဝက်ခန့်အရွယ်စားတော့ရှိပါတယ်... အတွင်းမှာရှိနေတဲ့ ရှားပါးအရင်းမြစ်တွေကြောင့်လည်း ချူးကလန်က မြန်ဆန်စွာတိုးတက်လာနိုင်တယ်မဟုတ်လား။
ဒါတွေအားလုံးကိုလုပ်ဆောင်ပြီးနောက်မှာတော့ တီအန်တာအိုဂိုဏ်းကို သူဦးတည်လိုက်ပါပြီ။
တီအန်တာအိုဂိုဏ်းက နဂါးတောင်တန်းမှာပဲတည်ရှိနေတာပါ။တီအန်တာအိုဂိုဏ်းက အလယ်လတ်အဆင့်ကိုတိုးမြှင့်သွားတာနဲ့ အလွန်ကျော်ကြားလာခဲ့ပြီး များပြားတဲ့ပါရမီရှင်တပည့်တွေလဲ ရောက်လာခဲ့ကြပါတယ်။
ချူးယွန်ကို ရဲရွှမ်လိုက်လံမောင်းထုတ်ခဲ့တာက ဂိုဏ်းအတွင်းမှာရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပေမယ့် အချိန်တွေတဖြည်းဖြည်းကုန်လာတာနဲ့ ဒီအကြောင်းကလည်း တဖြည်းဖြည်းမေ့ပျောက်သွားခဲ့ကြတယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Actionအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...