အပိုင်း_303_ဝါးတောလေး
တန်းဝေပြောခဲ့တဲ့အတိုင်း ဝါးတောဝန်းကျင်မှာ များပြားပြီး အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းတဲ့အော်ရာတွေ တည်ရှိနေကြလို့ပါ...
ထိုသူတွေအကုန်လုံးက နတ်ဘုရားစွမ်းရည်နယ်ပယ် ကျွမ်းကျင်သူတွေဖြစ်ပြီး သူတို့ကိုကြည့်ရတာ အလွန်ရက်စက်ကြမ်းကြုတ်ဟန်ရပါတယ်။သူတို့က အကာကွယ်ထားတယ်ဆိုတာထက် အစောင့်ထားတာ ဒါမှမဟုတ် သော့ခတ်ထားတယ်တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။
ဒါကိုမြင်တော့ ချူးယွန်ရဲ့ခန့်မှန်းမှုက ပိုခိုင်မာလာခဲ့ပါပြီ။
တန်းဇီရှန်း ကြီးမားတဲ့ပြဿနာတစ်ခုကို တစ်ကယ်ကြုံတွေ့နေရပြီ!
"သခင်လေး... ဒီလအတွက် အကြီးဆုံးအလှမယ်ကို လာတွေ့ခွင့်က ကုန်ဆုံးသွားပါပြီ!"
တန်းဟွာရန် နဲ့ ချူးယွန်တို့ ဝါးတောထဲ ဝင်မိရုံပဲရှိသေးတယ် မဖော်ရွေတဲ့ မျက်နှာနဲ့ လူတစ်ယောက်က ရုတ်တရက် သူတို့လမ်းကို ပိတ်ထားလိုက်တယ်။
"ထွက်သွား!"
တန်းဟွာရန် ဒေါသတကြီးနဲ့ တားဆီးလာသူကို ကြည့်လိုက်တယ်။ထိုလူကြီးက အပြောင်းလဲ မရှိတဲ့မျက်နှာနဲ့ တန်းဟွာရန်ကို ကြည့်လိုက်တယ်။ပြီးနောက် သူက စိတ်မဝင်စားဟန်နဲ့ ပြောလိုက်ပါတယ်။
"စည်းမျဉ်းက စည်းမျဉ်းပါပဲ... ခင်ဗျားက သခင်လေးဖြစ်နေရင်တောင် ကျူပ်တို့အနေနဲ့ ခွင့်မပြုပေးနိုင်ဘူး""မင်းငါ့ကိုပြန်ပြောဝံ့တာလား?"
တန်းဟွာရန် ဒေါသတကြီးနဲ့ ထိုလူရဲ့လည်မျိုကိုဖမ်းညှစ်ဖို့ လက်လှမ်းလိုက်ပါပြီ။လူကြီးရဲ့ခန္ဓာကိုယ်က ရုတ်တရက် စွမ်းအင်လှိုင်းတွေထွက်လာတာကြောင့် တန်းဟွာရန် အနောက်ကို ခြေတစ်လှမ်းခန့် ပြန်ဆုတ်လိုက်ရပြီလေ။
"သခင်လေးဟွာရန်၊ ကျူပ်ကိုခက်ခဲအောင်မလုပ်ပါနဲ့!"
လူကြီးက အေးဆေးတည်ငြိမ်ဆဲဖြစ်ပြီး သူ့မျက်နှာပေါ်မှာ ဘာအမူရာမှမရှိပါဘူး။"ဒီနေ့ မင်းငါ့ကိုသတ်ဖို့လုပ်ဝံ့လား?"
တန်းဟွာရန် မကျေနပ်ပါဘူး... သူက အတင်းအကျပ်တိုးဝင်ချင်တယ်။
ŞİMDİ OKUDUĞUN
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Aksiyonအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...