အပိုင်း_386_ရပ်လိုက်စမ်း
တာ့လင်နဲ့အတူလေ့ကျင့်ခဲ့တဲ့ပုံရိပ်တွေက ရုပ်ရှင်တစ်ခုလို သူ့စိတ်ထဲမှာ ပြန်ပေါ်လာခဲ့ပါပြီ။
ချူးယွန်က ပထမဆုံးလှုပ်ရှားတာဖြစ်ပေမယ့် သူက လုံးဝကိုထိန်းချုပ်မှုကိုကန့်သတ်မထားပဲ ကောင်းစွာလှုပ်ရှားနိုင်ပါတယ်။
သူအခု အသေးစိတ်အချက်လက်အနည်းငယ်သာ လိုအပ်နေတာဖြစ်ပြီး ဒါကလည်း သူ့ရဲ့အတွေ့ကအကြုံ မလုံလောက်သေးလို့ပါ။
"ဒါက ငါပထမဆုံးအကြိမ်အသုံးပြုခြင်းပဲ...
ဒီသိုင်းကွက်နဲ့အဆုံးသတ်ရတဲ့အတွက် မင်းဂုဏ်ယူသင့်တယ်"
ချူးယွန်ပြောပြီးတာနဲ့ တိုက်ခိုက်မှု စတင်လိုက်ပါပြီ။ကောင်းကင်ဓါးက အစွမ်းဖက်က မာနထောင်လွှားမှုအော်ရာတွေ ထွက်ပေါ်နေရင်း ကောင်းကင်ကိုခွဲခြမ်းမယ့် ဧရာမပုဆိန်ကြီးအလား လေဟာနယ်ကို ကွဲအက်စေပါတယ်။
အခြားတစ်ဖက်မှာတော့ ရေလဓါးက တိတ်ဆိတ်ပြီး ရေစီးကြောင်းတစ်ခုလို လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားနေလို့ပါ။
သတ်ဖြတ်ချင်စိတ်တွေကတော့ အမြင့်ဆုံးကိုရောက်နေခဲ့ပြီလေ။
ချူးယွန်က ဓါးနဲ့ဆေဘာကို တစ်ချိန်ထဲမှာ အသုံးပြုနိုင်မယ်မထင်တာမို့ သူတို့မျက်လုံးတွေကျဉ်းမြောင်းကုန်ကြပါတယ်။
ဓါးနဲ့ဆေဘာအတူထွက်ပါ်လာတာက အံဩစရာမဟုပ်ပါဘူး... ဒါပေမယ့် ထိုလက်နက်နှစ်ခုက လူတစ်ယောက်ရဲ့လက်နှစ်ဖက်လို လိုက်လျောညီထွေလှုပ်ရှားနေခဲ့တယ်လေ။ဒါက မယုံနိုင်စရာကောင်းအောင် ပေါ့ပါးသွက်လက်နေလို့ပါ။
သူတို့ဆီကထွက်ပေါ်နေတဲ့အော်ရာတွေကနေ ဖိနှိမ်နိုင်စွမ်းရှိတဲ့အော်ရာတွေကို ရှင်းလင်းစွာ ခံစားနေရပါတယ်။ဒါက အရမ်းကြောက်စရာကာင်းလွန်းတယ်။
"ဂရုစိုက်!"
သတ်လတ်ပိုင်း လူတစ်ယောက် ယောက် ထိတ်လန့်သွားကာ သံကြိုးကို အမြန်ဝေ့ယမ်းရင်း ရေလဓါးကိုရိုက်ထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမယ့် ကောင်းကင်ဓါးက ဖြတ်ကာတားဆီးသွားခဲ့ပါပြီ။ဒါက ရေလဓါးရဲ့အရှိန်ကို အဟန့်အတားမဖြစ်စေနိုင်ပါဘူး။
أنت تقرأ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
حركة (أكشن)အပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...