အပိုင်း 323 မွေးရာပါသတ်ဖြတ်သူ

410 35 0
                                    

အပိုင်း 323 မွေးရာပါသတ်ဖြတ်သူ

ကျန်းရီချူးထွက်လာတာမြင်တော့ မနီးမဝေးမှာရှိနေတဲ့ တင်းမင်ခက နှာခေါင်းတစ်ချက်ရှုံ့ပြီး ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"ငါစိတ်မကောင်းဘူး... ငါမင်းကို ရိုက်လို့မရတော့ဘူး"

"ငါနဲ့သာတိုက်ခိုက်ရရင် သေရမယ့်လူက မင်းပဲဖြစ်လိမ့်မယ်!"
ကျန်းရီချူး အေးစက်စက်နဲ့ ပြန်ပြောလိုက်တယ်။

စီတုပင်ဟဲက တင်းမင်ခကိုရှုံးနိမ့်ခဲ့ပေမယ့် ကျန်းရီချူးက သူ့ကို ကြောက်ရွံ့စိတ်မရှိပါဘူး။

အခြားသူက မင်းကိုရှုံးသွားတယ်ဆိုရင်တောင် အဲတာက အခြားတစ်ယောက်ရဲ့ပြဿနာပဲ...

ငါကတော့ အရှုံးပေးမှာမဟုပ်ဘူး...

ပြိုင်ပွဲနယ်မြေမှာရပ်နေပြီး ပြိုင်ဘက်က တက်မလာသေးတဲ့အတွက် ကျန်းရီချူး ပတ်ဝန်းကျင်ကို လှည့်ပတ်လေ့လာလိုက်ပါပြီ။

ပြိုင်ပွဲကိုကြည့်ရှုနေသူက အနည်းဆုံးလူတစ်သောင်းခန့်ရှိပါတယ်။

မဟာဂိုဏ်းကြီးတွေ၊ မိသားစုကလန်ကြီးတွေက ကျွမ်းကျင်သူတွေနဲ့ ပါရမီရှင်လူငယ်တွေပါ ရောက်နေခဲ့ကြတာပါ; အချို့ဂိုဏ်းငယ်လေးတွေပါ ရောက်နေခဲ့ကြတယ်လေ... သူတို့ကတော့ အတွေ့အကြုံရချင်လို့ပါပဲ... ; တစ်ကိုယ်တော်ကျင့်ကြံသူတွေလဲ များပြားစွာရှိနေကြပြီး သူတို့ကတော့ ပြိုင်ပွဲကြည့်ဖို့သက်သက် လာခဲ့ကြသူတွေပါ...

ကျန်းရီချူး စိတ်ခံစားချက်အနည်းငယ်တော့ ရှိနေပါတယ်။စီတုပင်ဟဲရှုံးသွားတဲ့အတွက်လဲ သူ့အပေါ်မှာဖိအားတွေပိုတိုးလာခဲ့တယ်လေ။တစ်ကြိမ်ရှုံးသွားပြီမို့ နောက်တစ်ခါ အရှုံးခံလို့မရပါဘူး...

ဒီတစ်ကြိမ် သူထပ်ပြီးရှုံးသွားရင် သူ့ရဲ့ဂျူနီယာညီမလေးနှစ်ယောက်အပေါ် ဖိအားတွေအရမ်းများလာတော့မှာပါ။သူမတို့က ငယ်ရွယ်သေးပြီး ဒီဖိအားတွေကို ဘယ်လိုခံနိုင်မှာလဲ?

ချူးယွန်က မရှိတဲ့အတွက် သူကထွက်ပြီး ရပ်တည်ပေးရပါလိမ့်မယ်...

ဂိုဏ်းအတွက် သူအနိုင်ရမှဖြစ်မယ်!

အတွေးပုံရိပ်ဂိုဏ်းကို လက်တုံ့မပြန်နိုင်ပဲ သုံးကြိမ်တိတိဆက်တိုက်အရှုံးမခံနိုင်ဘူး!

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now