အပိုင်း_255_နောက်ဆုံးစမ်းသပ်မှု_ရှေးဟောင်းစစ်မြေပြင်
တစ်ကယ်တမ်း ဆင်းသက်လာတဲ့အချိန်မှာ ချူးယွန်ရဲ့စိတ်နှလုံးက ငြိမ်သက်ခြင်းမရှိခဲ့ပါဘူး။
တာ့လင်ပါဆိုတဲ့အသံပိုင်ရှင်ကလည်း အစစ်မှလို့သက်သေပြစရာမရှိဘူးလေ... ဒါပေမယ့် ဒီအချိန်မှတော့ သူ့အတွက် ရွေးချယ်စရာမရှိခဲ့ဘူးမဟုတ်လား?
ဒီခြေတစ်လှမ်းက ကံကောင်းခြင်းကံဆိုးခြင်းတွေကို ကိုယ်စားပြုနေလို့ပါ။လျို့ဝှတ်ခန်းတိုင်းမှာ အန္တရာယ်တွေပြည့်နှက်နေခဲ့တယ်လေ။ခြေတစ်လှမ်းမှားသွားတာနဲ့ ခြေလှမ်းတိုင်းမှားယွင်းသွားတော့မှာမဟုပ်လား!
ဒါက မှန်ကန်ဖို့ပဲ မျှော်လင့်ပါတယ်!
"ဖျပ်"
ချူးယွန်လျို့ဝှတ်ခန်းထဲကိုရောက်သွားတာနဲ့ အဖြူရောင်အလင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ထိုအဖြူရောင်အလင်းထဲမှာတော့ အရာဝတ္ထုတစ်ခုရှိနေလို့ပါ။ရွှေရောင်ပွင့်ချပ်ခုနှစ်ခုနဲ့ပန်းလေးတစ်ပွင့်... သူ့မှာနူးညံ့ပုံရတဲ့သစ်ရွက်လေးတွေရှိပြီး ကြွယ်ဝတဲ့မွှေးရနံ့က သူ့နှာခေါင်းကို လာတိုးဝှေ့ပါတယ်။
ဒါကိုမြင်တော့ ချူးယွန် တုန်လှုပ်သွားမိတယ်။
"ဒီဆေးပင်က အနည်းဆုံးနှစ်ငါးထောင်သက်တမ်းရှိရမယ်"ချူးယွန်အနေနဲ့ နှစ်ငါးထောင်ဝိညာဉ်ဆေးပင်ကို တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။
နှစ်တစ်ထောင်ပြည့်သွားတိုင်း ဆေးပင်ရဲ့တန်ဖိုးက တစ်ကြိမ်ထိုးတက်သွားပါတယ်။နှစ်သုံးထောင်ဝိညာဉ်ဆေးပင်ဆိုရင်တောင် အတော်ရှားပါးနေခဲ့ပြီမဟုတ်လား။
နှစ်ငါးထောင်သက်တမ်းရှိဝိညာဉ်ဆေးပင်က သူ့ထကအ်များကြီးပိုရှားပါးပါတယ်။တိုင်ဂန်တိုက်ကြီးတစ်ခုလုံးမှာတောင် အများကြီးမရှိပါဘူး။
ထိပ်တန်းအင်အားစုကြီးတွေသာ နှစ်ငါးထောင်သက်တမ်းရှိ ဝိညာဉ်ဆေးပင်ကို သိုလှောင်ထားနိုင်ကြလိမ့်မယ်!
"ဒါက လျို့ဝှတ်ခန်းရဲ့လက်ဆောင်လား? ဒါက ပထမအဆင့်ဖြစ်ပြီး နှစ်ငါးထောင်သက်တမ်းရှိ ဝိညာဉ်ဆေးပင်ကိုရတယ်"
ČTEŠ
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Akčníအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...