အပိုင်း_375_နှစ်ဦးနှစ်ဖက်ပျက်ဆီးခြင်း
ပရိတ်သတ်တွေအကုန်လုံးတုန်လှုပ်ကုန်ကြပါတယ်။
တန်းဟွာရန်က အဝေးကိုတိုက်ခိုက်ဖို့ ဒီလိုနည်းလမ်းမျိုးကိုအသုံးပြုလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။
ကိုယ့်ကိုယ်ကိုယ်ကျောက်ခဲလိုလွှဲပစ်တဲ့ အံ့မခန်းပါရမီနဲ့လူပါလား!
တန်းဟွာရန်ရဲ့အမြင်အာရုံက မည်းမှောင်သွားပြီး
ဘာဖြစ်သွားမှန်းတောင် မသိလိုက်ရပါဘူး။ဒီအချိန်မှာပဲ တန်းဟွာရန်ရဲ့လက်သီးက ကျဆင်းလာခဲ့ပါပြီ။"ဖြောင်း!"
ထိုလက်သီးက တန်းယိကျီရင်ဝပေါ်ကိုကျဆင်းလာခဲ့ပြီး နဂါးတိုက်ပွဲစင်မ်ြင့်ဘေးကို လွင့်ထွက်သွားခဲ့ပြီလေ။တန်းဟွာရန် မျက်လုံးတွေက နီရဲနေလို့ပါ။
ဒီအခိုက်အတန့်အတွက် သူနှစ်တွေအများကြီးစောင့်ဆိုင်းခဲ့ရတာ...
သူငယ်ငယ်ထဲက တန်းယိကျီက သူ့ကိုရှုံ့ချပြီး သူ့ရဲ့သိုင်းဝိညာဉ်ကိုလှောင်ပြောင်ရယ်မောခဲ့တယ်။
အဲဒီအချိန်က သူ့ကိုမယှဉ်နိုင်တဲ့အတွက် အရှက်အမြဲရခဲ့ရတယ်... သူပြန်တိုက်ခိုက်ရင်လည်း သူပဲအရိုက်ခံရတယ်လေ... အချိန်ကြာလာတဲအခါ သူ့ရဲ့သိုင်းဝိညာဉ်အပေါ်မှာ အယုံကြည်ကင်းမဲ့တဲ့စိတ်တွေတောင် ဖြစ်တည်လာခဲ့ရပါတယ်။
ဒါကြောင့် တန်းဟွာရန် သူ့ကို တစ်နေ့မှာ ပြန်ရိုက်နိုင်ဖို့အတွက် များစွာကြိုးစားအားထုတ်ခဲ့တယ်...
ဒါပေမယ့် အလင်းဓါးနဲ့ တန်းယိကျီရဲ့တိုက်ခိုက်နိုင်စွမ်းက အလွန်သန်မာခဲ့တယ်မဟုပ်လား။သူက အသက်နှစ့်သုံးနှစ်မပြည့်ခင်မှာပဲ ဓါးစိတ်ဆန္ဒကိုတောင် နားလည်ခဲ့ပါသေးတယ်။
ဒီအချိန်တောအတွင်း တန်းဟွာရန် တန်းမင်းဆက်မှာမနေချင်တော့တာမို့ သူ့အမရှိတဲ့ တီအန်တာအိုဂိုဏ်းကိုလိုက်သွားခဲ့တာပါ။
တီအန်တာအိုဂိုဏ်းက ပြန်လာပြီးနောက် တန်းယိကျီက ပိုသန်မာလာမယ်လို့ဘယ်သူက ထင်ထားခဲ့မှာလဲ...
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...