အပိုင်း_223_နူးညံ့သောအရသာစားသောက်ဆိုင်

439 39 0
                                    

အပိုင်း_223_နူးညံ့သောအရသာစားသောက်ဆိုင်

"ဒါက ခမ်းနားသောတောင်ထိပ်က စားသောက်ဆိုင်မှာလား?"

တပည့်တစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

"ဟုတ်တာပေါ့... နူးညံ့သောအရသာစားသောက်ဆိုင်မှာ စားသောက်ပွဲကျင်းပတာက ရှားပါးတယ်နော်"

"ဝိုး... ဒါက မယုံနိုင်စရာပဲ! နူးညံ့သောအရသာစားသောက်ဆိုင်က ကျဘမ်းဟင်းပွဲလေးတစ်ခုကတောင် ဆေးလုံးတွေနဲ့တူတယ်"

"ခင်ဗျားဘာကိုစောင့်နေဦးမှာလဲ? လာ အမြန်သွားကြစို့"

ချူးယွန် မျက်ခုံးပင့်တင်လိုက်ပါပြီ... အတွေးပုံရိပ်ဂိုဏ်းထဲကိုရောက်ရောက်ချင်းမှာပဲ ဒီလိုကိစ္စမျိုးနဲ့ လာကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

စီနီယာအမကျီအန်းဆိုသူက သူ့ဂျူနီယာညီမလေးအတွက် ခင်ပွန်းလောင်းရွေးမရွေးတော့သူမသိပါ။ချူးယွန်လဲ စားသောက်ချင်တဲ့အတွက် ထိုလူတွေနဲ့ နူးညံ့သောအရသာစားသောက်ဆိုင်ကို သွားချင်ခဲ့တယ်။

ချူးယွန်အနေနဲ့ ဂိုဏ်းကြီးတွေထဲက အချို့တပည့်တွေဟာ သူတို့ရဲ့ဧည့်သည်တွေကိုဧည့်ခံဖို့ ရှားပါးပြီးအဖိုးတန်ပစ္စည်းအမျိုးမျိုးကို အသုံးပြုတတ်ကြတယ်လို့ ကြားဖူးပါတယ်။အချို့အစားစာတွေဆိုရင် ဝိညာဉ်ဆေးပင်တွေထက်ပိုကောင်းပြီး ထိုအစားသောက်တွေထဲကိန်းအောင်းနေတဲ့စွမ်းအင်တွေက အချို့သောဆေးလုံးတွေအောက် လျော့ပါးမှာမဟုတ်ပါဘူး!

ဒီလိုပွဲမျိုးက လူတစ်ယောက်ကိုလိုချင်တယ်ဆိုရင်တောင်မှ ထိုက်တန်ပါတယ်... တစ်ချိန်ထဲမှာပဲ ဒါက အတွေးပုံရိပ်ဂိုဏ်းရဲ့အခြေနေကိုသိသာစေတယ်။

"မဟာပညာရှိ မင်းဒီမှာနေခဲ့ဦး.... လျှောက်ပြေးမနေနဲ့"
ထပ်တလဲလဲပြောကြားပြီးနောက် စိတ်ချရပြီဆိုတာ‌နဲ့ ချူးယွန် ဂူထဲက ထွက်လာခဲ့ပါပြီ။

ဂူအရှေ့မှာတော့ ဝါးတောလေးတစ်ခုရှ်ိပြီး တိတ်ဆိတ်ကာအေးချမ်းမှုရှိပါတယ်။ထိုဝါးတောလေးကိုဖြတ်သန်းသွားပြီးနောက် မြေပြင်ကျယ်လေးတစ်ခုကိုရောက်လာခဲ့ပြီလေ။ထိုနေရာမှာ ဒါဇင်နဲ့ချီတဲ့တပည့်တွေဟာစုဝေးနေကြပြီး တစ်ခုခုကို ဆွေးနွေးပြောဆိုနေကြလို့ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Donde viven las historias. Descúbrelo ahora