အပိုင်း_394_စွန့်ပစ်ကာပြန်သုံး
"ဝုန်း!"
သေမင်းစမ်းရေတံခွန်ကြီးက ပေါက်ကွဲသွားကာ ကောင်းကင်တစ်ခွင်ပြည့်နှက်သွားပါတယ်။မရေတွက်နိုင်တဲ့ ဝိညာဉ်တွေက ငိုကြွေးသံတွေထွက်ပေါ်လာခဲ့ပါပြီ။ချူးယွန် မျက်လုံးတွေက အေးစက်နေပြီး တန်းယောက်ကျီကိုဆက်လက်တိုက်ခိုက်လိုက်ပြီလေ။
ချူးယွန် ညာဘက်လက်က အသားအနည်းငယ်ပဲကျန်တဲ့အထိ တိုက်စားခံထားရပြီး အရိုးတွေက ထွက်ပေါ်နေခဲ့ပါတယ်။ဒါက အလွန်ကြောက်စရာကောင်းတယ်။
သူ့ရဲ့လက်သီးချက်က ပြင်းထန်ပြီးသေခြင်းစမ်းရေတောင်မဟန့်တားနိုင်ခဲ့ပါဘူး။
ဟုပ်ပါတယ်... ချူးယွန်က များစွာမထိခိုက်ခဲ့ပဲ သူ့လက်တစ်ဝက်လောက်ပဲထိခိုက်ခဲ့တာပါ။ဒါပေမယ့် ဒါက နာကျင်မှုကိုတော့ ပေးစွမ်းနိုင်ပါတယ်။
ချူးယွန်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက မြင့်မားလို့သာ... သူ့နေရာမှာ သာမန်သိုင်းပညာရှင်ဆိုရင် ရွှမ်းဝူနယ်ပယ်အဆင့်ကိုးမှာရှိနေပါဦး သွေးအိုင်အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။
သေမင်းစမ်းရေတံခွန်ပေါက်ကွဲသွားတာကိုမြင်တော့လူတိုင်းအံ့အားသင့်ကုန်ကြပါတယ်။
တန်းဇီရှန်း၊ တန်းရှီ၊ တန်းတန့်ဖုန်းတို့လည်း ခြွင်းချက်မဟုပ်ပါဘူး။ချူးယွန် ထိုအခွင့်ရေးကို အသုံးချကာ တန်းယောက်ကျီဆီကို ပြေးဝင်သွားခဲ့ပါပြီ။
မနီးမဝေးမှာရှိနေတဲ့ ရေလဓါးနဲ့ကောင်းကင်ဓါးက ရုတ်တရက် တစ်ချိန်ထဲမှာပဲ တန်းယောက်ကျီနောက်ကျောကို ခုတ်ပိုင်းလာခဲ့ပါပြီ။
"သေခြင်းစမ်းရေကို မင်းချိုးဖြတ်ခဲ့တာလား? ဒါတစ်ကယ်ပေါ့!"
တန်းယောက်ကျီ အနောက်ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ ခုခံဖို့လည်း သတိမရတော့ပါဘူး။"မင်းဘာရပ်လုပ်နေတာလဲ? ပြန်တိုက်ဟ!"
တန်းဇုံဒါကိုမြင်တော့ အမြန်ဟိန်းဟောက်လိုက်တယ်။သူ့လက်သီးဆုပ်ပြီး မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့ပြီလေ။ တန်းဟွာရန်က တန်းယိကျီကို သူ့အရှေ့မှာပဲ သတ်သွားပါတယ်။ဒီလို သားတစ်ယောက်ဆုံးရှုံးရတာကပဲ သူ့ရင်ထဲမှာ အတော်နာကျင်နေပါပြီ။
ESTÁS LEYENDO
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂
Acciónအပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွာ...