အပိုင်း_372_တန်းယိကျီကိုအနိုင်ယူဖို့နည်းလမ်း

440 36 0
                                    

အပိုင်း_372_တန်းယိကျီကိုအနိုင်ယူဖို့နည်းလမ်း

ချူးယွန်က သူ့ကို နှစ်သိမ့်ဖို့ကြိုးစားနေတယ်ခံစားမိတာမို့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။

"ချူးယွန်မင်း...."
တန်းဟွာရန် တစ်ခုခုပြောချင်ပေမယ့် ရပ်တန့်လိုက်ပါပြီ။ဘာကြောင့်လဲဆိုတော့ ချူးယွန်မျက်နှာက လေးနက်နေလို့ပါ။

ဘယ်လိုပဲကြည့်ကြည့် သူက နောက်ပြောင်နေတဲ့ပုံမဟုပ်ပါဘူး။

ဒီအတွက် တန်းဟွာရန် တွန့်ဆုတ်သွားခဲ့ပြီလေ။

"ငါမင်းကိုနောက်နေတာမဟုပ်ဘူး... နဂါးစွယ်မြက်က အရမ်းအစွမ်းထက်တယ်.... အဲတာက ရှေးခေတ်မှာတောင် အသန်မာဆုံးသိုင်းဝိညာဉ်တွေထဲကတစ်ခုဖြစ်နေသေးတယ်.... အဲတာက နိုးထမလာသေးလို့ပါ... အဲတာနိုးထဘာဖို့ကတော့ အတော်ခက်တယ်... ဒါပေမယ့် ငါမင်းကို ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်တယ်!"
ချူးယွန် မျက်လုံးတွေက တောက်ပနေလို့ပါ။

မျှော်လင့်ချက်လုံးဝမရှိတော့တဲ့အခက်ခဲတွေကိုပဲသူကြောက်တာပါ...

မျှော်လင့်ချက်နည်းနည်းလေးရှိဦး... သူလုပ်နိုင်တယ်!

ချူးယွန်ရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေတောက်ပနေတဲ့ မျက်လုံးတွေကိုမြင်တော့ တန်းဟွာရန်နှလုံးသားထဲမှ တစ်ခုခုနဲ့ထိတွေ့လိုက်သလို ခံစားသွားရပြီလေ။

သူနှာခေါင်းကိုပွတ်ပြီး ခေါင်းညိမ့်လိုက်တယ်။
"ငါမင်းကိုယုံတယ်!"

"မင်းရဲ့ နဂါးစွယ်မြက်က အမှိုက်မဟုပ်ဘူးဟ... အသန်မာဆုံးသန္ဓေပြောင်းသိုင်းဝိညာဉ်တစ်ခု... ငါမင်းကိုပြောတဲ့ ဝိညာငြိမ်သက်ခြင်းမြက်က အဓိကသော့ချက်ပဲ... မစိုးရိမ်ပါနဲ့... ငါ့မှာအစီစဉ်ရှိတယ်... မိသားစုပြိုင်ပွဲပြီးတာနဲ့ ငါမင်းရဲ့ နဂါးစွယ်မြက်နိုးထနိုင်ဖို့ ကူညီပေး‌မယ်!"
ချူးယွန်ရိုးသားစွာပြောလိုက်တယ်။

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်အတွင်းမှာ တန်းဟွာရန် ဒီလောက်ဆိုးရွားတဲ့အရာတွေကို ဘယ်လိုသယ်ဆောင်ခဲ့ရတယ်ဆိုတာကို စဉ်းစားမိတော့ ချူးယွန် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now