အပိုင်း_292_ရန်စခြင်း

421 37 0
                                    

အပိုင်း_292_ရန်စခြင်း

တန်းဝေရဲ့စကားကိုကြားတော့ များပြားတဲ့သိုင်းပညာရှင်တွေက အနက်ရောင်ကျောက်တုံးကြီးဆီ လျှောက်လှမ်းလာခဲ့ကြတယ်။

လူတစ်ယောက်အတွက် အသက်သုံးရှိုက်စာပဲအချိန်ရပါတယ်... ထိုအချိန်အတွင်း ကျောက်တုံးက အလင်းရောင်တောက်ပအောင်မလုပ်နိုင်ရင် ကျရှုံးတယ်လို့သတ်မှတ်တယ်။

နက်ရှိုင်းတဲ့ ဝိညာဉ်စွမ်းအင်ပိုင်ဆိုင်ထားသူတွေသာ လုပ်နိုင်ကြမှာပါ။တစ်ကယ်လို့ ကျောက်တုံးက အလင်းရောင်တောက်ပလာရင်တောင် မအောင်မြင်နိုင်သေးပါဘူး။

အကြောင်းကတော့ ရှင်းရှင်းလေးပါ... လူတစ်ထောင်ကျော်ရှိတဲ့အထဲကမှ အတောက်ပဆုံးလူတစ်ရာကိုသာရွေးချယ်မှာမို့ပါပဲ...

ဒါကြောင့် အောင်မြင်မယ်ဆိုရင်တောင် ဖယ်ထုတ်နိုင်ရခံချေရှိနေပါသေးတယ်...

ဒါကတော့ ပမာဏစမ်းသပ်မှုရဲ့ ရက်စက်မှုပါပဲ!

ဒီကိုလာပြီး ပမာဏစမ်းသပ်မှုကိုပါဝင်နိုင်သူက ပါရမီရှင်လို့ပြောလို့ရပါတယ်။ဒီနေရာရှိ  အပြင်လောကကိုကန်ထုတ်လိုက်ရင်တောင် ထိုလူက အပြင်လောကမှာ ပါရမီရှင်အဖြစ်ရပ်တည်နိုင်လိမ့်မယ်။

ဒီနေရာမှာတော့ ထိုပါရမီရှင်တွေက လုံးဝတန်ဖိုးမရှ်ိပါဘူး... သူတို့အနေနဲ့ ဒီနေရာမှာကျော်ကြားချင်ရင် သူတို့ပါရမီက မလုံလောက်သေးပါဘူး။

"ဇွမ်!"
ပထမဆုံးလူတစ်ယောက်က အောင်မြင်သွားခဲ့ပါတယ်... အနက်ရောင်ကျောက်တုံးကို ဝိညာဉ်စွမ်းအင်ပို့လွှတ်လိုက်တာနဲ့ အလင်းရောင်တွေထွက်ပေါ်လာခဲ့တယ်လေ။

ထိုလူရဲ့မျက်နှာက ရွှင်ပြသွားကာ ဘေးသွားရပ်နေလိုက်ပါတယ်။

တန်းဝေကတော့ ဘေးမှာရပ်နေလို့ပါ...

လူတိုင်းရဲ့စွမ်းဆောင်ရည်ကို သူ့စိတ်ထဲမှာ လျို့ဝှတ်စွာမှတ်သားထားပြီး နောက်ဆုံးမှ အဆင့်သတ်မှတ်ခြင်းပြုလုပ်မှာလေ။

ပထမဆုံးတစ်ယောက်က အလင်းရောင်တွေထွက်ပေါ်လာစေပေမယ့် ထိုအလင်းက အားနည်းတာဖို့ ထိပ်ဆုံးတစ်ရာထဲဝင်ဖို့ မဖြစ်နိုင်ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now