Part 101

801 74 1
                                    


CHAPTER (101)

ချက်ချင်းဆိုသလို အခန်းအတွင်းအခြေနေများ အေးစက်သွားသည်။ ယခုအခါ ရှက်သွေးဖြာ၍ ရင်ခုန်စေသည့် မြင်ကွင်းသည် ၎င်း၏အဓိပ္ပာယ်နှစ်ခွအခြေနေများ ပျောက်ဆုံးသွားပြီး လူမိသွားသဖြင့် အရှက်တရားနှင့် အန္တရာယ်တို့ အစားထိုးဝင်ရောက်လာသည်။

ဟယ်ယန် အလျင်မြန် ဣန္ဒြေဆယ်ပြီး တစ်ဖက်လူငယ်ကို ကြည့်လိုက်သည်။​ မိမိကဲ့သို့ လူငယ်များခံစားရမည့် "ကြောက်ရွံ့တုန်လှုပ်မှုနှင့် တင်းမာမှု" ခံစားချက်တို့လွင့်ပြယ်သွားပြီး သာမန်ပြုံးနေကျ အပြုံးလေးတစ်ခု ဆင်မြန်းလျက် ဟယ်ယန်မှ

"သဘောရှိသလို ခေါ်ပါ တပ်မှူးသ‌ဘောပဲ"

"မြို့စောင့်တပ်အရာရှိ ဟယ်စွေ့သမီးက တကယ်တပ်ထဲ ဝင်လာခဲ့တယ်ပေါ့" ဟယ်ယန့်မျက်ဝန်းများသို့ အပြုံးမဟုတ်သည့် အပြုံးတစ်ခုဖြင့် စိုက်ကြည့်လျက် "မိန်းကလေးဟယ်က သိပ်ကိုရဲရင့်တာပဲ"

ဒီလူ... ဟယ်ယန် စိတ်လှုပ်ရှားသွားသည်။ ဟယ်စွေ့နာမည်ကို သိနေသဖြင့် မိမိအကြောင်းကို လျှို့ဝှက်စုံစမ်းနေခဲ့သည်မှာ အသိအသာဖြစ်နေပြီး စွန်းအိမ်တော်၌ လူမိသွားခဲ့သောကြောင့် မဟုတ်ချေ။ မြို့တော်ရှို့ကျင်မှ လက်ရှိနေရာအထိ စာပို့ခိုဖြင့်လျှို့ဝှက်ဆက်သွယ်ရန်ပင် အနည်းဆုံး အချိန်တစ်လခန့် ကြာမြင့်၏။ ရှောင်ကျွယ်မှ မိမိအကြောင်းစုံစမ်းနေခဲ့သည်မှာ ထိုမျှမကကြာမြင့်နေခဲ့ပြီလော။ အဘယ်ကြောင့် ထိုသို့စုံစမ်းနေရပါသနည်း။ လူငယ်လေးမှ ပြုံးပြပြီး

"တပ်မှူး ကျွန်မကို အဲဒီလောက် အလေးပေးလိုက်မယ်လို့ ကျွန်မ မထင်မှတ်ထားမိဘူး ရှက်ရွံ့မိကြောင်းပါ"

ဟယ်ယန် မည်သည့်ထိတ်လန့်ဟန်မျှ မပြသပေ။ အံ့ဩသွားခဲ့သည့်တိုင် ရှက်သွေးဖြာရုံသာ ရှိခဲ့သည်။ ယခုအချိန်တွင် သာမန်မိန်းကလေးတစ်ဦးသာ ဆိုပါက အဝတ်ဟပြဲ ဆွဲဖွင့်ခံခဲ့ရပြီး သရုပ်အမှန် ပေါ်သွားသဖြင့် ရှက်ရွံ့၊ ဒေါသထွက်မိခဲ့မည်။ ဤမိန်းကလေးမူ ဆန့်ကျင်ဘက်အနေဖြင့် လုံးလုံး ဂရုမစိုက်ဟန်ဖြင့် သာမန်ယောကျ်ားတစ်ဦးထက်ပင် ရဲရင့်နေခဲ့သေးသည်။ ရှို့ကျင်မှ လျန်ကျိုး ရောက်သည်အထိ မည်သူမျှ သူ့သရုပ်အမှန် ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိသောကြောင့်လဲ ဖြစ်နိုင်သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now