အခန်း - ၁
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ဒယ်ဒီ"
"ငါ့အိမ်မှာနေစရာမလိုဘူး ရွယ်ရွယ် သွား... အိမ်ပေါ်က အခုချက်ချင်းဆင်း"
"သမီးလေးနဲ့မလို့ပါဒယ်ဒီရယ် သမီးကိုနေခွင့်ပြုပါနော်"
"မိတဆိုးလေးဆိုပြီးအလိုလိုက်မိတာမှားတာပဲ ငါမပြောတော့ကန့်တတ်လာတယ် ဟော...အခုကြည့် အဲ့ကောင်ရဲ့သွေးသားပါ အိမ်ပေါ်ခေါ်တင်လာတယ် ဒါမျိုးလက်မခံနိုင်ဘူးကွ"
သမီးလေးကိုရင်ခွင်တွင် ထွေးပိုက်၍ ရွယ်ငိိုမိသည်။ ဒယ်ဒီက အစထဲကရွယ့်ကိုမချစ်သည်ကို ရွယ်ခဏမေ့သွားခဲ့မိပါသည်။ မိတဆိုးဆိုပြီး ဒယ်ဒီဘာကိုများ အလိုလိုက်ခဲ့ဖူးလို့လဲဟု ရွယ်မေးလိုက်ချင်ပါဘိ။
"ငထွန်းဆိုတဲ့ငါ့သမိုင်းရိုင်းတယ် သွား...အိမ်ပေါ်ကဆင်းသွား. ..သားသမီးဆိုးကို ပြစ်ရိုးထုံးစံမရှိဘူးဆိုတာ ငထွန်းရာဇဝင်မှာမရှိဘူးကွ....မနက်ဖြန်သတင်းစာမှာ အမွေဖြတ်တဲ့အကြောင်း တရားဝင်ကြေညာမယ် ငါ့အိမ်အရိပ်လဲနင်းစရာမလိုဘူး ငါ့မိသားစုနာမည်အောက်မှာလဲ နေစရာမလိုတော့ဘူးမိရွယ်"
"ရှင်..."
ခါးထောက်၍ ရပ်နေသော ဒယ်ဒီ့မျက်နှာဟာ ခက်ထန်မာကျောလှသလို ရင့်သီးလှသော စကားများကြောင့် ရွယ့် ရင်တွင်း ဝမ်းနည်းမှုတို့ စို့နင့်သွားရ၏။ ရွယ့်ကို ပစ်ပယ်နိုင်မှန်းသိပေမယ့် ဒယ်ဒီ့ဘက်က ဒီစကားတွေထုတ်မပြောလောက်ဘူးဟု ရွယ်ထင်ခဲ့မိပါသည်။ ဒယ်ဒီဟာ ပြောပြီးစကားကို တည်အောင်လုပ်တတ်သူဖြစ်သည်ကို သမီးဖြစ်သည့် ရွယ် ကောင်းကောင်းကြီးသိသည်။
"ကိုကို...."
ရွယ် အားကိုးတကြီးနှင့် လှမ်းကြည့်လိုက်တော့ ကိုကိုဟာ မျက်နှာပျက်လျှက် ဒယ်ဒီ့အနားသို့ သွားရပ်လေ၏။
"ဒယ်ဒီ..."
"သား အပေါ်တတ်နေသွား ဒီကိစ္စမင်းဝင်ပါစရာမလိုဘူး"
ကိုကိုဟာ ဘယ်သောအခါမှ ဒယ်ဒီ့ကို အာခံပြောသည့်လူ မဟုတ်။ ခေါင်းမာပြီး စိတ်ရှိတိုင်းလုပ်တတ်သည့် ရွယ့်လိုမဟုတ်။ ဒယ်ဒီ့စကားတစ်ခွန်းတည်းနှင့်ပင် ယခုလဲ ကိုကိုဟာ ရွယ့်ကိုပင်လှည့်မကြည့်ပါပဲ အိမ်ပေါ်သို့တတ်သွားခဲ့ပြီပင်ဖြစ်သည်။ ရွယ် အကူညီတောင်းသည့်လူ မှားသွားခဲ့လေပြီ။
ВЫ ЧИТАЕТЕ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Любовные романыမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
