အခန်း- ၃၆
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"မေမေရေ့...ဧည့်သည်ပါလာတယ်မေမေ့..."
"ဧည့်သည် ဘယ်ကဧည့်သည်လဲမသိဘူး"
သမီးကတ်ကြေးဖြင့် စာရွက်တွေကိုကိုက်ပြီး ကစားထားသည်ကို တံမြတ်စည်းလှဲနေသည့်ပမာ့မှာ ဧည့်သည်ဘယ်သူမှန်းမသိပေမယ့်လဲ ရှုပ်ပွနေသည်ကိုမမြင်စေချင်လှသည်ကြောင့် ထမသွားပဲ ဆက်လှည်းလိုက်သည်။
"သမီး ဧည့်သည်ကိုအိမ်ပေါ်ခေါ်ခဲ့နော်"
"ဟုတ် အိမ်ပေါ်ရောက်တော့မယ်မေမေ..."
"မီးပုံ့တို့အိမ်ပေါ်က ဖိနပ်နဲ့ဆိုတတ်လို့မရဘူးဦးဦးရဲ့ ဒီနားမှာဖိနပ်ချွတ်ပြီးတတ်ခဲ့နော်..."
"အင်းသမီး..."
မေမေရှိရာသို့ ပုံ့ပုံ့ပြေးသွားလိုက်သည်။
"မေမေ့အသိလို့ပြောတယ်မေမေ"
"ဟုတ်လား ဘယ်သူလဲမသိဘူး..."
"ဦးဦးတစ်ယောက်ပဲ ချောချောလေးမေမေ"
"အင်း...ဘယ်မှာလဲသမီးပြောတဲ့ ဦးဦးက"
"ဖိနပ်ချွတ်နေတာမေမေရဲ့ နေအုံးမီးပုံ့သွားခေါ်ပေးမယ်..."
ဧည့်သည်ဆိုသည်နှင့် ပမာရေနွေးအိုးလေးပြင်လိုက်သည်။
"ဒီမှာမေမေရေး..."
"ဟင် ကိုကို..."
ဒုန်းစိုင်းပြေးလာသည့်သမီးနောက်တွင် မတွေ့တာကြာပြီဖြစ်သည့် လူတစ်ယောက်ကို ပမာမြင်လိုက်ရပါတော့သည်။ မတွေ့ချင်၊ မမြင်ချင်လှသည့်သူ မဟုတ်ပေမယ့်လဲ ဒီတစ်သက် မတွေ့ရတော့ဘူးဟု ထင်မှတ်ထားသည့်လူဖြစ်နေသည်။ ပမာ့အတိတ်ရဲ့ နေ့စွဲတွေထဲတွင် အရင်းနှီးဆုံးသူနှင့် အားကိုးရဆုံးသူဖြစ်ပါသည်။ ထင်မှတ်သလောက် အားမကိုးရပေမယ့်လဲ ပမာ့ရဲ့ ချစ်လှစွာသော အစ်ကိုဖြစ်သူ ကိုကို ထွန်းအောင်ကျော်ဟာ ပမာ့ရှေ့တွင်ရောက်ရှိနေသည့်အခါ ပမာ့သွေးများ ပြောင်းပြန်သဖွယ်စီးဆင်းသွားသည်တောင် ထင်သည်။
"ညီမလေးရွယ်လေး"
"ကိုကို..."
ဟိုဦးဦးက မေမေ့ကို ညီမလေးလို့ခေါ်ပြီး မေမေကလဲ ကိုကိုဟုပြန်ခေါ်သည်ကို ပုံ့ပုံ့အလယ်မှနေ၍ ဟိုမော့ကြည့်ဒီမော့ကြည့်နှင့် ကြည့်လိုက်၏။ မကြာပါ မေမေ့မျက်လုံးများတွင် မျက်ရည်တွေပြည့်လာသည်ကို ပုံ့ပုံ့တွေ့လိုက်ရတော့ ပုံ့ပုံ့ မေမေ့ကိုပြေးဖက်လိုက်သည်။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
