အတွဲ- ၃၊ အခန်း- ၁၆။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"လာ သားထူး အိမ်ပြန်ပို့ပေးမယ်..."
"မလိုက်ဘူး...ညီမလေးကို နေပြည်တော်ပို့ပေးမှာ မလိုက်ဘူး..."
"ညီမလေး..."
"ကိုကို့...အီး...မေမေ့ဆီပြန်ချင်လို့ အီး..."
ညီမလေးနှင့် မြတ်ထူးကို အတင်းဆွဲခေါ်သည့်အခါ ဦးချစ်လက်ကို ကုန်းကိုက်လိုက်သည်။
"အား...."
"ညီမလေး ပြေး...."
"ကိုကို့..."
"ပြေးညီမလေး..."
ပုံ့ပုံ့လဲ မာမီ့ဆီ မပြန်ချင်တာကြောင့် ကိုကိုပြေးခိုင်းသည့်အခါ ကားလမ်းဖက်သို့ လှည့်ပြေးတော့သည်။
ကားလမ်းထက်သို့ ပြေးလွှားသွားသည့် ကလေးငယ်လေးတစ်ဦးဟာ ကားတစ်စီးအရှိန်နှင့် မောင်းနှင်လာတာကို မမြင်ပဲ ဖြတ်ပြေးတော့သည်။
"ညီမလေး ကား....ကား...."
"မေမေ့..."
ပုံ့ပုံ့ပြေးရင်းမှ ကားကြီးကို လှမ်းမြင်လိုက်သလို မေမေ့ဟုလဲ အော်ခေါ်ရင်းဖြင့် မျက်လုံးကို မှိတ်ချလိုက်တော့၏။
သေတော့မယ်ဆိုတာ ဒီလိုမျိုးကို ပြောတာနေမှာ။ ဖြိုးအောင်လိုပဲ ပုံ့ပုံ့ကိုလဲ မေမေနောက်ဆို မတွေ့ရလောက်တော့ဘူးဟုတွေးရင်း မတအားကြောက်လာရပါသည်။ ကားကြီးက ပုံ့ပုံ့ဆီသို့ နီးလာပြီ။ ပုံ့ပုံ့လဲ မပြေးနိုင်တော့ဘူး။ မေမေရေး...ကယ်ပါအုံး ဟု ကြောက်ဒူးတုန်စွာဖြင့် အချိန်ခဏလေးအတွင်း ပုံ့ပုံ့ တ နေမိတော့သည်။
*တီတီ...တီတီ....*
"ညီမလေး..."
နားကိုပိတ်ပြီး မျက်လုံးစုံမှိတ်၍ ညီမလေးကို အော်ခေါ်ရင်း မြတ်ထူး ထိုင်ချမိသည်။
"အီး...ညီမလေး "
မျက်လုံးဖွင့်လာပေမယ့် ညီမလေးရှိမည့်နေရာသို့ မကြည့်ရဲပါပေ။ ဒါ့ကြောင့် ကွန်ကရစ်ခင်းထားသည်ကိုကြည့်၍ မြတ်ထူး တအီအီနှင့် ငိုတော့သည်။
"ညီမလေး...အီး...ညီမလေး..."
"တောက်စ်ကွာ...ကားကြီး မမြင်ဘူးလားဟ..."
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
