Part - 40

12.7K 342 5
                                        

အခန်း- ၄၀
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

​အစ်ကိုထက်ဆီမှ လက်ခွင့်ကို လက်ခံလိုက်သည့်အကြောင်း ကိုကို့ကို ပြောပြလိုက်​​တော့ ကိုကိုကလဲ ကြည်ဖြူစွာနှင့်ခွင့်ပြုလေ၏။ ယခုဆို သမီးလေးဆီမှ ခွင့်ပြုချက်ရဖို့ပဲ ကျန်တော့သည်မို့ သမီးလေးကို နေ့ကောင်းသည့်ရက်လေးတွေ အသိပေးဖို့တွေးထားပါသည်။

နီညိုရောင်ဖိနပ်လေးကိုစီးထားသည့်ညီမက မွေးနေ့တုန်းက ငလက်မလေး လက်ဆောင်ပေးထားသည့် ဖိနပ်လေးဖြစ်မှန်း ဘုန်းစေ တန်းသတိရ၏။ ခြေထောက်​​ဖွေးဖွေးလေးနှင့် နီညိုရောင်ဖိနပ်လေးဟာ ပနံသင့်စွာ လိုက်ဖက်နေသည်ကို တွေ့တော့ ညီမ၏ ခြေဖဝါးဆီမှ မျက်ဝန်းမခွာမိပဲ လိုက်ကြည့်မိပါတော့သည်။

ဆိုင်ထဲဝင် ဈေးဝယ်သူ ပြတ်သွားသည့်အခါ ကိုကို Kitchen ခန်းထဲမှ မထွက်လာခင်ပင် အစ်ကိုထက်အနားသို့ တိုးတိုးကပ်ပြောလိုက်၏။

"အစ်ကိုဒီနေ့ ဘယ်မှမသွားဘူးလား..."

"မသွားဘူးညီမ ဘာဖြစ်လို့လဲ.. "

"ဈေးဝယ်သူတွေသိသာအောင်လို့ တအားလိုက်ကြည့်နေလို့လေ အဲ့တာ အစ်ကို့ကိုဘေးကိုသွားစေချင်လို့..."

"ဟော..."

မျက်ဝန်းနုနုတို့က ဘုန်းစေကိုကြည့်၍ ပြောလိုက်ပုံများ ဘေးကိုသွားစေချင်လို့ဆိုပဲ။

"အစ်ကိုက အချိန်ပြည့်နီးပါးလိုက်ကြည့်နေတာကြီးဆိုတော့ ညီမလဲ မနေတတ်ဘူး...ကိုကိုလဲ တွေ့နေတာဆိုတော့ မျက်နှာပူတာလဲ ပါတယ် ပြီးတော့ ဈေးဝယ်သူတွေကလဲ ညီမအသိတွေကြည့်ပဲလေ "

"ညီမက ရှက်လို့လား...အစ်ကို အများကြီးကြည့်လိုက်မိလို့လား..."

"အွန်း...."

မျက်ဝန်းတို့က ရှက်ပြုံးလေးသမ်းသွားသည့်အတိုင်း အရောင်ပြောင်းသွားပြီး ညီမကပါ ခေါင်းလေးငုံ့သွားလေတော့သည်။

"အရမ်းသိသာတယ်ထင်တယ် သူများတွေပါ လိုက်ကြည့်နေကြတာအစ်ကိုရဲ့..."

"ညီမက တအားလှနေတော့ အစ်ကိုစိတ်မထိန်နိုင်ဖြစ်သွားတယ်နဲ့တူတယ်..."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora