အတွဲ၂၊ အခန်း- ၇
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
လူတွေကလည်း ရှုပ်လှသလို ပုံ့ပုံ့တအားအိပ်ချင်နေ၍ ဆရာမက အခန်းထဲသို့ လိုက်ပို့ပြီး အိပ်ခိုင်းသည့်ကြောင့် ပုံ့ပုံ့အိပ်သည်။
"ရေတွေလာတယ်တဲ့ မြတ်သူရေ...ချောင်းကြီးကိုပြည့်လို့ဟဲ့..."
"ဟုတ်လား..."
"ချောင်းရေကြည့်ချင်တယ်...သားတို့သွားကြည့်ချင်တယ်ဆရာမ"
ရေလာနေကျပေမယ့် တစ်ချို့ကလေးများက မကြည့်ဖူးဘူးနှင့်တူသည်။ ဒါ့ကြောင့်မြတ်သူလဲ ရှိသည့်ကလေးများကိုစုလိုက်ပါသည်။
"ချောင်းရေသွားကြည့်တာ လိုက်မယ့်လူ လက်ညိုးထောင် "
"သား...သားလိုက်မှာ
သမီးလဲ လိုက်မှာ"
သမီးပုံ့ပုံ့လေးက အိပ်နေ၍ ကျန်သည့်ကလေး ၉ ယောက်တွင် ၈ ယောက်က လက်ညိုးထောင်ကြသည်။ ထိုထဲတွင် မထောင်သည်က သားဖြိုးအောင်ဖြစ်နေ၏။
"ဘာလို့လက်ညိုးမထောင်တာလဲသားရဲ့ သားမလိုက်ဘူးလား..."
"သားက ချောင်းရေကြည့်ဖူးတယ် "
"ဒါဆို သားကနေခဲ့မှာပေါ့..."
"ဟုတ် သားဒီအရုပ်တွေနဲ့ကစားရင်း နေခဲ့လိုက်မယ်..."
"ဘယ်မှ မသွားနဲ့နော်သား...ဆရာမတို့မကြာဘူး ခဏပဲ..."
"ဟုတ်..."
"အမေ့ ကလေးနှစ်ယောက်ကို ကြည့်လိုက်အုံးနော့အမေ့..."
"အေးအေးသမီး..."
ကလေး ၈ ယောက်ကိုခေါ်၍ မြတ်သူတို့ဟာ ရွာအရှေ့ဘက်ရှိချောင်းမကြီးဆီသို့ ထွက်လာကြတော့၏။ ဆင်သေချောင်းကြီးဟာ အပြန့်လဲကျယ်သလို ချောင်းမကြီးဟာလဲ နက်ပါသည်။ ဒါ့ကြောင့် ကုန်းပေါ်ထိရေမတတ်ပေမယ့် ကမ်းပြည့်ခါနီးအထိ ရေလာနေသည်ကြောင့် ရေအားအတော်လေးကြီးမှန်း ရွာသွားများ မှန်းဆမိကြသည်။
"ဘုရား...ဘုရား...ဒါဘယ်ကရေတွေများစီးလာတာလဲ..."
"အကြီး...ရေတွေက မဟုတ်သေးဘူးထင်တယ်နော်..."
ရင်ဘက်လေးများဖိ၍ ချောင်းရေကြည့်နေကြသည့် ရွာသွားများ အံဩလျှင်လဲ အံဩနိုင်ပါသည်။ ဘာကြောင့်ဆို အဝေးရှိ ရေစီးနှင့် အိမ်တစ်လုံးမျောပါလာ၍ဖြစ်သည်။ အိမ်လုံးကျွတ်မျောပါလာသည့် အနေအထားကို မြတ်သူတို့တစ်ဖွဲ့လုံး ကြောင်ကြည့်နေရင်းမှ ထိုအိမ်ပေါက်ဝနားတွင် အဖွားအိုတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရတော့ အားလုံး ဟာ ခနဲ ဖြစ်သွားရ၏။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
