Patr - 9

13.3K 400 13
                                        

အခန်း ၉
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

ည ၈ နာရီခန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ပိန်း၍ ပုဇဉ်ရင်ကွဲကောင်လေးများ၏ အော်သံဟာ အတော်လေးပင် ဆူညံ၍နေ၏။ ရေစီးသံ၊ အကောင်အော်သံနှင့် ဖားအော်သံများသာ ကြားရပြီး အမှောင်ထု ကြီးစိုးနေသည်ကြောင့် ပမာ့စိ​တ်ထဲ အနည်းငယ်ကြောက်မိပြန်သည်။

ဘာကိုကြောက်နေရသလဲဆိုလျှင် သားမိနှစ်ယောက်ထဲရှိနေသည့်အိမ်ကို မသမာသူများ ဝင်လာမည်ကိုပင်​ဖြစ်သည်။

လူဆိုသည့်အမျိုးဟာ မြင့်မြတ်စွာလဲနေတတ်ကြသလို အောက်တန်းကျစွာလဲ နေတတ်သည်မဟုတ်လား။ အခွင့်အရေးသမားများအတွက် သူများ​ဒုက္ခရောက်နေချိန်ဟာ သူတို့အတွက် ပျော်စရာလဲ ဖြစ်သွားနိုင်သည်။ ယနေ့အချိန်ထိ စိတ်လွတ်လက်လွတ်ခေါင်းပြားအောင် အိပ်ရသည့်နေ့ဟူ၍ ပမာ့တွင်မရှိချေ။ အမြဲသတိနှင့် အိပ်စက်နေရပြီး အမြဲစိုးရိမ်နေရသည်မှာ ညစဉ်ရက်ဆက်ပင်ဖြစ်၏။

ညအမှောင်ထုကြောင့် အစောအိပ်သွားသည့်သမီးလေးဟာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေပြီး ပမာ့မှာတော့ ငုတ်တုတ်ထိုင်၍သာ ဟိုတွေးဒီတွေးနှင့် ရှိနေရတော့သည်။

ဘုန်းစေအတွက် ကုတင်တစ်လုံးစာမှလွဲ၍ ခြေချရန်နေရာပင်မရှိချေ။ ​ဘယ်နေရာကြည့်ကြည့်ရေများပင်ဖြစ်ပြီး အိပ်၍လဲမပျော်သည်ကြောင့် ဖယောင်းတိုင်မီးထွန်းကာ ထိုင်နေမိ၏။

"စာအုပ်ဖတ်ရင်ကောင်းမလား...."

စာအုပ်ဖတ်ရန်တွေးမိသော်လည်း ရေထဲ ပြန်ဆင်းပြီးသွားယူရမည်ကို သတိရ၍ ဖင်ကြွနေပြီးမှ ပြန်ထိုင်ရသည်။

လမ်းဘေးမှ ရေထဲလမ်းလျှောက်သံကြားလျှင် ပြူးတင်းပေါက်တံခါးမှနေ၍ လှမ်းလှမ်းကြည့်သည့် သူ့မျက်လုံးမှာလဲ ပတ်ဝန်းကျင်တစ်ခုလုံးသို့ နှံ့စပ်နေအောင်သေချာကြည့်၏။

"တစ်ညလုံးများ နေရမလားပဲ...."

ပြူးတင်းပေါက်ဘောင်ပေါ် မေးထောက်ပြီး အိမ်ငယ်လေးရှိရာဆီ လှမ်းကြည့်သည့် သူ့မျက်လုံးများတွင် သားမိနှစ်ယောက်ဖြစ်နေမည့်ပုံကို မျက်လုံးထဲ ပုံဖော်ကြည့်နေမိ၏။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Où les histoires vivent. Découvrez maintenant