အခန်း - ၁၇
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ခံစားချက်ဆိုသည်မှာ ထိန်းချုပ်ရန်ခက်ပါသည်။ အလုံးစုံသေချာနေသည့်ခံစားချက်ဟာ ပို၍တောင် ထိန်းချုပ်ရခက်ပါသည်။
ချိုးနှိမ်၍ ရသည်အထိတော့ ချိုးနှိမ်ကြည့်ပါမည်။ မရတော့သည့်အချိန်အခါ ရောက်လာပြန်လျှင်လဲ နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းကြည့်ရန်လဲ တွေးထားပါသည်။
သမီးတစ်ယောက်နှင့် ဘဝတိုက်ပွဲဝင်နေသည့် မိန်းသားတစ်ယောက်၏ဘဝထဲသို့ ဘုန်းစေလက်လွတ်စပယ် တိုးဝင်၍မဖြစ်ပါ။ ခံစားချက်စစ်မှန်လင့်ကစား တစ်ဖက်က မိန်းမသားဖက်ကို ထည့်တွေးရမည်မဟုတ်လား။
......
"ဘူးရွက်တွေ ထွက်နေပြီအကိုရဲ့ အဲ့တာအိမ်အတွက်ဟင်းချိုချက်ရင်း အကို့အတွက်ပါပိုချက်လိုက်တာ..."
"အကို့အကြိုက်ပဲ...."
"ဒါက မီးပုံ့ခူးပေးထားတာပါနော် မေမေခူးတာနဲနဲလေး ဦးဦးအတွက်က မီးပုံ့ခူးပေးတာ"
"ဟုတ်ကဲ့ကျေးဇူးပါဗျာ"
"ခစ်ခစ်..."
လူသုံးယောက်မှာ ဟင်းတစ်ခွက်အကြောင်းပြု၍စကားဖောင်ဖွဲ့နေသည့်ထဲ ကလေးဖြစ်သူက ရယ်လေ၏။
.....
"အကိုဒီနေ့လက်စွမ်းပြထားတယ် ဂေါ်ရခါးသီးနဲ့ ဝက်ဝမ်းနားသားလေးနဲ့ချက်ထားတာ ညီမတို့အတွက်ဒါက..."
"မီးပုံ့အကြိုက်ပေါ့ ဟီးဟီး...မေမေ့"
"ပေးပေးသမီး မှောက်ကျမယ်"
"ဟုတ်"
ပျော်နေသည့်ကလေးနှင့်အတူ ပန်းကန်ကိုင်၍ထွက်လာသူက သူတိတ်တခိုးချစ်ရသည့် အမျိုးသမီးငယ်ပင်ဖြစ်လေသည်။
"ကျေးဇူးပဲနော်အကို့"
"ရပါတယ်ညီမရ"
"ဦးဦးကိုကျေးဇူးတင်ပါတယ်လို့ ပြောလိုက်အုံးလေသမီး"
"ဟုတ် မီးပုံ့ကြိုက်တာလေးချက်ပေးလို့ ကျေးဇူးပါရှင့်"
.....
"သမီးရေ သမီးဦးဦးအတွက် ဟင်းလေးသွားပို့လိုက်ပါအုံး"
"ဟုတ်မေမေ"
VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
