အတွဲ ၃၊ အခန်း ၁၁။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ကိုကို အပြင်က ကြီးကြီးက ဘယ်သူလဲဟင်"
"အဲ့တာ ဖွားဖွားလေညီမလေး"
"ဖွားဖွား..."
ဖွားဖွားဆိုသူက ပုံ့ပုံ့ကို မချစ်ဘူးနှင့်တူသည်။ ပုံ့ပုံ့ကို အစောက မြင်တုန်းကလဲ ရယ်မပြပါပေ။
"သမီးရေ့...လာပါအုံးကွ ဒယ်ဒီ့သမီးရ"
အပြင်ကပြန်လာသော ဒယ်ဒီ့ဆီသို့ ပုံ့ပုံ့ပြေးသွားလိုက်တော့ ပုံ့ပုံ့ကိုပွေ့ချီ၍ တရူးရူးနှင့် ပါးကို နမ်းလေတော့သည်။ အိမ်ရှေ့ခန်းမှ ဆိုဖာပေါ်တွင် ပုံ့ပုံ့က ဒယ်ဒီ့ပေါင်ပေါ်တွင် ထိုင်ပြီး ကိုကိုကတော့ ဘေးတွင်ထိုင်၍ ပုံ့ပုံ့ကိုကြည့်၏။
"ညီမလေးက ချစ်စရာလေးနော်ဒယ်ဒီ"
"ဒါပေါ့သားရ"
"စကားပြောတာလေးလဲ ချစ်စရာလေး သားမှာ ဒီလိုညီမလေးရှိတာ သားအခုမှသိတာ "
"ဟင် ကိုကိုက ပုံ့ပုံ့ကို အခုမှသိတာလား"
"မဟုတ်ဘူးသမီး သားသိတာ ကြာပြီ သားမှာ ညီမလေးတစ်ယောက်ရှိတယ်လို့ ဒယ်ဒီပြောပြထားပြီးသား"
"ဒီမှာအကြာကြီးနေမှာမလားညီမလေး"
"ဒီမှာနေရတာ ပျော်လားသမီး"
ပုံ့ပုံ့ ခေါင်းရမ်းပြလိုက်သည်။
"မပျော်ဘူးလားသမီးရ ဘာဖြစ်လို့လဲ "
သမီးက ဘာမှမဖြေပဲ ခေါင်းကြီးပဲငုံ့၍ နေနေသည့်အခါ အထူးနှင့်သားဖြစ်သူမှာ အချင်းချင်းကြည့်မိကြသည်။
"သမီးစိတ်ထဲ ဘယ်လိုဖြစ်နေလဲ ဒယ်ဒီနားလည်တယ်သမီး "
ပုံ့ပုံ့ခေါင်းထောင်ကြည့်သည်။
"နေရာတစ်နေရာအသစ်ပြောင်းရင် ဒယ်ဒီလဲအဲ့လိုပဲ အစမှာဆို မပျော်ဘူးကွ...ဒါက သဘာဝပဲ ဒါပေမယ့် ၂ ရက်လောက်ကြာရင်တော့ နေသားကျသွားတယ်"
"တကယ်လား"
"တကယ် သမီးမယုံရင်စောင့်ကြည့်ကြည့် သမီးနှစ်ရက်လောက်နေပြီးရင် ဒီမှာနေရတာ ပျော်သွားမှာ"
ВЫ ЧИТАЕТЕ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Любовные романыမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
