Part - 33

12.4K 446 8
                                        

အခန်း- ၃၃
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"သမီးမေ့မေ့ကို ဒါလေးကူပါအုံး"

"ဟုတ်"

Kitchen ခန်းထဲတွင် စာဖိုမှူးဝတ်စုံပြည့်နှင့် မအေကိုကူပေးနေသော ငလက်မဟာ တောက်တိုတောက်တိုနှင့် အရမ်း​မြန်သည်။

ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့် သမီးအတွက် သီးသန့်မှာပေးထားသောဝတ်စုံလေးကိုဝတ်ကာ အရွက်တွေ​ခြွေ​ပေးပြီး အလုပ်ကူလုပ်ပေးရ၍ သမီးက ပျော်နေလေသည်။

"မီးပုံ့လုပ်ထားတာကြည့်မေမေ လှလှလေး..."

"သမီးလေးက လက်လေး​သာသေးတာ လုပ်တတ်တယ်တော့"

"မီးပုံ့က​ တအားတော်တာလေမေမေရဲ့..."

သားမိနှစ်ယောက် ခေါက်ဆွဲကြော်နေကြသည့် မြင်ကွင်းလေးဟာ လှမ်းကြည့်နေသည့်ဘုန်းစေကို ကြည်နူးပြုံးပျော်သွားစေပါသည်။

"ငလက်မရေ ဒီမှာ ဘယ်သူရောက်နေတာလဲ ကြည့်ပါအုံးကွ"

ပဲသီးတောင့်လက်က ကိုင်ပြီး ပုံ့ပုံ့အပြင်ထွက်၍ ကြည့်လိုက်သည်။

"ဟာ...ဖွားဖွား..."

"​ဟေး...မြေးရေ..."

သမီးလေးပြေးသွား၍ လှမ်းကြည့်လိုက်တော့ တစ်နေ့က လာသွားသည့် အန်တီခင်ခင်ထက်ဖြစ်နေသည်။ အစ်ကို့ဆီ လာလည်တာ​နေမှာ။

"မီးပုံ့က လွမ်းနေတာဖွားဖွားရဲ့"

"ဖွားကိုလွမ်းနေတာလား"

"ဟုတ်..."

"အပိုတွေပြောနေတာမာမီရေ အခွန်မဆောင်ရတိုင်း ချွဲနေတာအဲ့တာ"

"မှုတ်ပါဘူးနော် မီးပုံ့က နှုန်းသားထဲရှိတဲ့အတိုင်းပြောတာပါ ဖွားဖွားက ဦးဘုန်းကိုမဖက်ပဲ မီးပုံ့ကိုဖက်လို့ မနာလိုဖြစ်နေတာမလားပြော"

"အဟား... မနာလိုတယ်ပဲဖြစ်ရသေးတယ်ကွာ"

မျက်နှာအနေအထားအမျိုးမျိုးနှင့် မော့ပြီးပြောနေသည့် ငလက်မက်ို မာမီကတော့ တပြုံးပြုံးနှင့်ကြည့်နေလေတော့သည်။

"လာဖွားဖွားထိုင် မေမေကြော်တဲ့ခေါက်ဆွဲကြော်က တအားစားကောင်းတာ မီးပုံ့သွားယူပေးမယ်"

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Nơi câu chuyện tồn tại. Hãy khám phá bây giờ