Birthday🌷🌻

6.2K 137 17
                                        

8.7.2025 Happy Birthday ပုံပန်းချီ (ခ) ပုံ့ပုံ့ (ခ) မီးပုံ့🌻
10.7.2025 Happy birthday ပုံပမာ🌷

မွေးနေ့ နှစ်ရက်ပဲကွာတဲ့ သားမိလေးအတွက် ပျော်စရာကောင်းတဲ့ မွေးနေ့လေး ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။

ပုံ့ပုံ့လေးရေ ချစ်ရတဲ့မေမေနဲ့ ဖေဖေနဲ့ အမြဲတမ်းအတူရှိနိုင်ပါစေကွယ်။ မွေးနေ့မှာ မေ့နေခဲ့လို့လဲ တောင်းပန်ပါတယ်။ မိဘတွေက အရမ်းချစ်ကြတဲ့ကလေးမို့ ဘဝကို ရဲရဲဝံ့ဝံ့နဲ့ စိတ်ဒဏ်ရာတွေကင်းစင်တဲ့ကလေးလေးအဖြစ် ကြီးပြင်းလာပါစေလို့ ဆုတောင်းပေးပါတယ်နော်။ အများကြီးချစ်တာမလို့ အပူပင်ကင်းကင်းနဲ့ ကြီးပြင်းလာပါ ကလေးလေးရေ။🌻🌻 လာလို့ရရင် ကလေးလေးသိပ်ကြိုက်တဲ့ နေကြာပန်းတွေကိုပွေ့ပိုက်ပြီး ပုံ့ပုံ့လေးဆီ လာတွေ့ချင်ပါရဲ့။

ပုံပမာဆိုတဲ့အမျိုးသမီးလေးရေ အမြဲတမ်းသန်မာခဲ့တာမလို့ မှာစရာတော့မရှိပါဘူး။ သို့ပေမယ့် ကမ္ဘာတစ်ဖက်မှာ သမီးလေးနဲ့ ချစ်ရတဲ့အမျိုးသားလေးနဲ့အတူ နေ့ရက်တိုင်းပျော်ရွှင်ပါစေနော်။ သမီးကိုရော ဘုန်းစေကို အများကြီးချစ်တာသိတာမလို့ အတူတူတစ်သက်လုံးဖြတ်သန်းနိုင်ပါစေနော်။ ဘုန်းစေက ပမာသိပ်ကြိုက်တဲ့ ရေမွှေးနှင်းဆီပန်းရောင်လေးတွေစိုက်ပြီး ချစ်သက်လက်ဆောင်အဖြစ် ပေးနေမယ်ထင်ပါတယ်။🌷

ဒီနေ့တော့ မိသားစုလေး အတူတူပျော်ရွှင်နေကြပြီး မွေးနေ့ရက်လေးကို ဖြတ်သန်းနေကြတယ်မဟုတ်လား။ ကမ္ဘာတစ်ဖက်မှာ ဒီမိသားစုလေး အမြဲပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ကလေးတို့ရေ။

မကြိုး ဒီရက်တွေ ဘယ်လောက်ထိတောင် နေချင်သလိုနေနေလဲဆို သားသမီးတွေမွေးနေ့တောင် မေ့တဲ့အထိပဲ။ အခုမှ သတိရလို့လဲ ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။ ပုံ့ပုံ့လေးမွေးနေ့ကို မကြိုး တကယ်မေ့နေခဲ့တာပါ။ ကလေးမွေးနေ့က နှစ်ရက်တောင် ကျော်သွားခဲ့ပြီအခုတော့။

တောင်းပန်ပါတယ် ပုံ့ပုံ့လေးရေ။ မွေးနေ့မှာ ပုံ့ပုံ့လေးရဲ့ စိတ်မကောင်းစရာဇာ​တ်ဝင်ခန်းတွေ တင်နေမိတယ်။ စာဖတ်သူတွေလဲ ငိုနေကြမယ်ထင်ပါတယ်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora