Part - 18

12.3K 411 11
                                        

အပိုင်း - ၁၈
မေတ္တာဝေဆာ ဆည်းလည်းပမာ

"အကိုအကြံပေးချင်တာတော့ ညီမကို ကိုယ်ပိုင်အလုပ်လေးလုပ်စေချင်တယ်"

"မလွယ်ဘူးအကို မလွယ်ဘူး"

"အကိုက ကလေးကို အထီးမကျန်စေချင်လို့ပါ အကိုတို့က ကြည့်ပေးထားပေမယ့်လဲ ညီမ မရှိတော့ ကလေးက အနည်းနဲ့အများတော့ အထီးကျန်မှာပဲ.... ကျောင်းက ပြန်လာတော့လဲ ညီမကမရှိ...ကျောင်းသွားတော့လဲ ညီမက တစ်ခါတစ်လေမှရှိတာမဟုတ်လား... ဟော အခုကျောင်းပိတ်တော့လဲ အလုပ်သွားရတော့ ကလေးကတစ်ယောက်ထဲ"

"ပမာသိပါတယ် သမီးလေးတစ်ယောက်ထဲကျန်ခဲ့လို့ စိတ်မချလဲဖြစ်ရတယ် စိတ်မကောင်းလဲဖြစ်ရတယ်..."

အိမ်မှာကျန်ခဲ့မည့် သမီးလေး၏ပုံရိပ်ကို ပမာတွေးမြင်မိလျှင်ဘဲ ဝမ်းနည်းမျက်ရည်ကျရပါသည်။

တစ်ယောက်ထဲ အိမ်မှာ ပမာ့ကိုမျှော်ရင်းနဲ့ကျန်နေခဲ့ရှာမှာ...။

"ကိုယ်ပိုင်အလုပ်ဆိုတာ လုပ်ချင်တိုင်းလုပ်လို့ရတာမှမဟုတ်ပဲ ငွေအင်အားနဲ့ စီးပွားရေးအမြင်လဲလိုသေးတယ် ပြီးတော့ ပမာကဘာမှသိပ်လုပ်တတ်တာမဟုတ်ဘူး ပမာမကျွမ်းကျင်တဲ့လုပ်ငန်းအတွက် အရဲမစွန့်ချင်ဘူး"

"ဒါဆို ညီမက ဒီအတိုင်းပဲသွားမယ်ပေါ့"

"အလုပ်ပြောင်းဖို့တော့ ပမာမစဉ်းစားမိသေးဘူး"

"အကိုဖြစ်စေချင်တာက ညီမကို အဲ့မှာရေရှည်မလုပ်စေချင်တာညီမ"

"ဘာဖြစ်လို့လဲ..."

အကိုထက်၏စကားကို ပမာနားမလည်ပေ။

"ညီမဘာလို့အဲ့ဆိုင်မှာလုပ်တာလဲ လစာကြောင့်လား ဆိုင်ရှင်တွေသဘောကောင်းလို့လား"

"နှစ်ခုလုံးဖြစ်မယ်ထင်တယ်"

"ကိုယ့်အတွက်အဆင်မပြေရင် လူမှုရေးဆိုတာ နောက်မှကြည့်ရမယ်လေ ခင်မင်မှုပေမယ့်လဲ ကိုယ့်ဝမ်းစာနဲ့ယှဉ်ရင် ဘာမှအရေးမကြီးဘူး"

"ပိုက်ဆံအတွက်နဲ့ဆိုရင်လဲ ဘာလို့တခြားအလုပ်မရှာတာလဲညီမ ညီမအရည်အချင်းနဲ့ဆို ဘယ်လိုပဲဖြစ်ဖြစ် ဒီထက်လစာကောင်းတဲ့အလုပ်တော့ရပါတယ် ဘာအတွက်အဲ့ဆိုင်မှာ အချိန်ကုန်ခံမှာလဲ....."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Dove le storie prendono vita. Scoprilo ora