အခန်း - ၂
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
အနက်ရောင်ရေနံဆီများသုတ်ထားသည့် ပျဉ်ထောင်အိမ်လေးအတွင်း ပုခတ်လေးလွှဲကာ သမီးလေးကို သိပ်သည်။ သမီးလေးက ငယ်ပေမယ့်လဲ အတော်လေးကိုသိတတ်သည်ဟုပြောရမည်။ မနက်ဆိုလျှင် မျက်နှာသစ် နို့ဗူးစ်ို့ပြီး ပြန်အိပ်တတ်သည်မှာ နေ့လည်ရေချိုးမှ နှိုးပြီးချိုးပေးရသည်အထိ ငြိမ်သည့်ကလေးလေးဖြစ်သည်။ ညဆိုလျှင်လဲ ပုံမှန်အိပ်ပြီး မနက်ဆိုလဲ နိုးနေလျှင်တောင်မငိုပဲ သူ့ဘာသာလေးနေရှာ၏။
တစ်နေကုန်ငြိမ်နေပေမယ့် ကောက်သည့်အချိန်မှာတော့ နေဝင်မိုးချုပ်တွင်ဖြစ်သည်။ ထိုအချိန်တွင် ပုံမှန်လိုကောက်တတ်ပြီး သမီးလေးငိုသည့်အသံမှာ ထူးထူးခြားခြားပင် တဟစ်ဟစ်နှင့်ဖြစ်နေ၍ ဘေးလူများက ငိုသည်မထင်ပဲ ရယ်နေသည်ဟုပင် ထင်ကြသေး၏။
"မေမေ့အပေါ် အခုထဲက သိတတ်နေတာပါလားကွယ် ဟွန် ဟုတ်လားသမီး...."
ပမာ့အပေါ်မဆိုးသည့်သမီးလေးကြောင့် ကြည်နူးစိတ်ကလေးဖြင့် အိပ်နေသည့်သမီးလေးကို စကားတွေပြောနေမိ၏။
"ကလေးက သူ့ကလေးရောဟုတ်ရဲ့လားမသိဘူးပါအေ"
ကြားလိုက်ရသည့် စကားတစ်ခွန်းဟာ ပမာ့ရင်ကို ဒိန်းကနဲတုန်လှူပ်သွားစေခဲ့ပါသည်။ အတင်းတုပ်ကြသူများဟာ ဝေးဝေးသွားမတုပ်ကြပါပဲ ပမာကြားအောင်တမင်များ ခြံစည်းရိုးအနားကပ်ပြောနေကြသလားဟုတောင် တွေးမိသည်။
"ဟုတ်ပါ့ ငါမလဲ အဲ့လိုထင်တာပဲ နို့တောင်မတိုက်တာဆိုတော့ မခင်အရင်းမဟုတ်လို့ပေါ့တော့"
အို...ဖြစ်မှ ဖြစ်ရလေ။
"ငါ့အထင်တော့ ကလေးကိုခိုးလာတယ်လို့ထင်တာပဲ"
"ဟယ်...နင်ကလဲ မဟုတ်မဟက်တွေလျှောက်ပြောနေပြန်ပါပြီ"
"အေးလှိုင်ပြောတာလဲဟုတ်တယ်ဟဲ့ ကြည့်လိုက်ပါလား သူ့ပုံစံက ကလေးအမေနဲ့ဘယ်နေရာများတူနေလို့လဲ ဖွေးဖွေးသေးသေးလေးနဲ့ အို...ကလေးအမေကို မဖြစ်နိုင်တာပါအေ..."
ကြားလိုက်ရသည့်စကားလေးကို ပမာမခံစားနိုင်လွန်း၍ မျက်ရည်ပင်ကျမိသည်။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
