Season - 2,Part - 14

7.3K 235 5
                                        

အတွဲ ၂၊ အခန်း ၁၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

အိမ်ပြန်ရောက်သည်နှင့် ရပ်ကွက်ထဲရှိ ပမာ့အသိလူတစ်ချို့ဟာ သမီးဆီသတင်းမေးလာကြသလို သမီးသူငယ်ချင်းကလေးများလဲ အတူပါလာကြသည်။

သမီးလေးကတော့ သူငယ်ချင်းများနှင့်ပြန်တွေ့ရ၍ ​ပျော်နေပေမယ့် မပျော်နိုင်သူမှာ ပမာသာဖြစ်နေသည်။

လူကြီးများဟာ သမီးလေးကို နေကောင်းကျန်းမာရဲ့လား၊ နေရအဆင်ပြေရဲ့လားဟု စကားလုံးများနှင့်မေးကြသော်လည်း မျက်လုံးများမှာတော့ သမီး၏ လက်ကလေး၌သာအကြည့်တို့ရောက်နေကြတော့သည်။ ထိုအကြည့်တို့တွင် တစ်ချို့လူများဟာ သနားကြည့်နှင့်ကြည့်ကြသလို၊ တစ်ချို့မှာမူ ကဲ့ရဲ့လိုစိတ်နှင့် ကြည့်သည့်အကြည့်များဖြစ်သည်။

မိခင်ဖြစ်သည့်ပမာ့မှာ ကိုယ့်သမီးလေးကို ချိုးချိုးနှိမ်နှိမ်အကြည့်မျိုးနှင့် အပေါ်ယံသတင်းမေးပြီး လာကြည့်ကြသူများကို ရန်တွေ့လွှတ်ချင်ပေမယ့် စိတ်ကိုထိန်းရ၏။ ပမာ့ကြောင့် သမီးလေးကြောက်သွားမည့်မျိုး မဖြစ်စေချင်လှပါပေ။

လူတွေများနော် သူတပါးဒုက္ခရောက်တာကို မျောက်ပွဲလိုမျိုး စည်စည်ကားကားနဲ့လာပြီး စပ်စုကြတာကြီးက လွန်တယ်ဆိုတာကို သိနိုင်တဲ့အသိတရားမရှိကြတော့ဘူးပဲ။ အိုး...ဒီလူ့လောကကြီးက သဘာဝတရားတွေဖောက်ပြန်လိုက်၊ လူ့ကျင့်ဝတ်ထုံးတမ်းတွေဖောက်ပြန်လိုက်နှင့် ပျက်စီးနေပြီဖြစ်သည်။

.........

၃ ရက်ဆိုသည့်အချိန်အတွင်း ဒီလောက်မပိန်သင့်ပေမယ့် သမီးလေးက ကလေးဖြစ်၍ လူကြီးများလိုကိုယ်ခံအားမကောင်းသည့်အခါ တော်တော်လေးတော့ပိန်သွားခဲ့သည်။

"မေမေ့ရဲ့အစားပုတ်လေးက နောက်တော့အရင်လိုပြန်ဝလာမှာမလား...ဗိုက်လုံးလုံးကစ်ကစ်ကလေးနဲ့ ပါးဖောင်းဖောင်းကလေးလဲ ပြန်ရောက်လာမှာမလား...."

...........
ဖုန်းကြည့်ချင်လှသည်ဟုဆို၍ အခန်းအတွင်း ဖုန်းပေးပြီး အိပ်ရင်းကြည့်ခိုင်းခဲ့သည့်သမီးဟာ ဧည့်ခန်းရှိခုံတွင်ထိုင်နေသော ပမာ့အနားသို့ လာထိုင်လေသည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora