အတွဲ ၂၊ အခန်း- ၈။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ပုံ့ပုံ့တို့ခါးလောက်ထိ ရေတွေတတ်လာသည့်အခါ ပုံ့ပုံ့နှင့် အောင်အောင်မှာလက်ချင်းတွဲထားပြီး နေရာမှ မရွေ့ကြတော့ပဲ ရပ်နေမိကြ၏။ ဒူးများလဲ တုန်လာရသလို ရေစီးသန်လာလေတော့ ပုံ့ပုံ့တအားကြောက်ပြီး သေလဲ ပေါက်ချမိလိုက်သည်။
"အီး...မေမေ့ရေး....ဖေဖေ့ရေး..."
"ပုံ့ပုံ့မကြောက်နဲ့ ငါ...ငါရှိတယ်..."
မျက်ရည်များပြည့်နေသည့်ကြားမှ အောင်အောင့်ကို သေချာကြည့်လိုက်တော့ သူလဲ ကြောက်လို့ ဒူးတုန်နေသေးသည်။
"နင်လဲ ကြောက်နေတာကို...အီး....ရေတွေများကြီး...ငါ ရေမကူးတတ်ဘူး...အီး...."
တစ်ယောက်လက် တစ်ယောက်တွဲပြီး ရေလယ်ခေါင်တွင် ငိုနေသော ပုံ့ပုံ့တို့ဘေးတွင် လူကြီးများလဲ တစ်ယောက်မှကိုမရှိတော့ပြီဖြစ်သည်။ ရေတွေနဲ့ဆိုတော့ ဘယ်ကိုသွားလို့သွားရမှန်းလဲမသိ၊ လမ်းကလဲ မမြင်ရတော့ပြီမို့ ဘယ်မှကို မသွားရဲပဲ ရပ်နေကြသည်မှာ တော်တော်လေးကြာသွားပါသည်။
......
......
......
"မရောက်သေးဘူးလားကွာ...ဒီလမ်းကလဲဒီနေ့မှ ဝေးနေသလိုပဲ "
ထဘီကို အပေါ်သို့မြှောက်ရလွန်းလို့ ခါးထိတောင်ရောက်တော့မည်ထင်သည်။ တော်သေးသည်က ရေမှာနှောက်နေ၍ ဘာကိုမှ သေချာမမြင်ရပါပေ။
"အိုမြင်ရတော့လဲ မြင်ရပါစေတော့ မတတ်နိုင်ဘူး...."
နွားလှည်းတစ်စီးဟာ ရေထဲတွင်ခက်ခဲစွာ မောင်နှင်လာသည်ကို ပမာတို့အဝေးမှလှမ်းမြင်ရပေမယ့် မည်သူမှန်းတော့ အတော်လေးနီးမှ သိရခြင်းဖြစ်သည်။
"သမီး...ပြုံးပြုံးတို့အစ်ကို ဟိုမှာသမီးတို့လှည်းထင်တယ်"
သမီးပြုံးပြုံးကို လှမ်းမြင်လိုက်သည်ကြောင့် အားကုန်သုံး၍ လှည်းဆီသို့ ပမာဦးတည်သွားလိုက်သည်။
"မေမေ့သမီးလေး..."
လှည်းအနားသို့ရောက်လာလေလေ ပမာ့ရင်တွေ ပူလာလေလေဖြစ်သည်။
"သမီး..."
လှည်းဘေးတွင်ရပ်မနေပဲ ပမာခြေလက်များ တုန်၍ လှည်းပေါ်တွင် သမီးလေး ပါလာလေမလားကို အသည်းအသန်ရှာရသည်။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
