Season - 2,End

11.8K 257 12
                                        

အတွဲ ၂၊ အခန်း ၁၆ (ဇာတ်သိမ်းပိုင်း)
မေတ္တာဝေဆာ ဆည်းလည်းပမာ 🌻

ပုံ့ပုံ့ကစားဖော် သားသားဟာ သူ့အဖွားတွေဆီ ဒီနေ့တစ်ရက် အလည်သွားနေ၍ ပုံ့ပုံ့ပျင်းလှ၏။ ဒါ့ကြောင့်ပဲ ပြုံးပြုံးတို့ဆိုင်အထိသွားပြီး ပြုံးပြုံးနှင့် အစ်မကြီးဟင်းချက်တိုင်းသွားကစားပါသည်။

"ငါပြန်တော့မယ်"

"နောက်နေ့ထပ်ဆော့ရအောင်နော့ပုံ့ပုံ့"

"အင်း...မနက်ဖြန် အိမ်လာခဲ့ပါလား...ငါ့အိမ်မှာ ဖေဖေဝယ်ပေးထားတဲ့ ပန်းကန်နဲ့အိုးတွေမှ အများကြီးပဲ..."

"ဟုတ်လား..လာဆော့မယ်...​လာဆော့မယ်"

အပြန်တွင် ကြီးပြုံးပြုံးတို့ဆိုင်မှ စားချင်သည့်မုန့်ယူစားဖို့ ပတ်ကြည့်၏။ မေမေက မုန့်ဖိုးမပါလဲ စားချင်တာရှိလျှင်ယူခဲ့ ပြီးရင် မေမေပေးမယ်ဟုပြောထား၍ စားချင်တာအကုန်ဝယ်သွားပါမည်။

"ကြီးပြုံး မန်ကျည်းစေ့ မရှိဘူးလား..."

"ရှိပါတယ်သမီးရဲ့..."

"မီးပုံ့ရှာတာမတွေ့ဘူး..."

"ဒါဆို ကုန်သွားတာနေမှာ...ဈေးသယ်ကလဲ မလာတော့ ထပ်မဝယ်ရသေးတာပုံ့ပုံ့ရေ ဈေးသယ်လာတော့ ယူထားပေးမယ်နော့"

"ဟုတ်...ဒါဆိုလဲ တစ်ခြားမုန့်ယူလိုက်ပါ့မယ်..."

"ရွေးထားအုံးသမီး ကြီးပြုံးဟင်းအိုး တစ်ချက်လောက်သွားမွှေအုံးမယ် "

"ဟုတ်"

ပုံ့ပုံ့လိုချင်သည့် ဝေဖာမုန့်ဟာ မြင့်နေသည့်အခါ ခုန်ပြီးဖြုတ်သော်လည်း မရပေ။

"ဦးလေး ဖြုတ်ပေးမယ်"

ဦးဦးတစ်ယောက်က မုန့်ဖြုတ်ပေးတော့ ပုံ့ပုံ့ပျော်သွားရ၏။

"ကျေးဇူးပါရှင့်..."

"လိမ်မာသားပဲ"

ပုံ့ပုံ့ခေါင်းကိုပုတ်ပြီး ပြောသည့်ဦးဦးကို ပုံ့ပုံ့တစ်ခါမှ မမြင်ဖူးပါပေ။ သို့ပေမယ့် ရင်နှီးနေသလိုပင်။

"ဒီမုန့်တွေအကုန်စားမလို့လား..."

"ဟုတ်..."

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora