အခန်း- ၃၄
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ရေချိုးရန် ပုံ့ပုံ့အိမ်အောက်သို့ဆင်းလာပြီးမှ အေးလွန်း၍ ရေချိုးရမလား၊ မချိုးရဘူးလားကို လက်ပိုက်ကာ စဉ်းစားရသည်။
"မချိုးပဲနေလိုက်ရမလား ချိုးရမလား...တစ်ဖလားနှစ်ဖလားလောက်ပဲ လောင်းပြီးပြေးရမလား...အမ်း...မချိုးပဲ မျက်နှာပဲသစ်သွားလိုက်ရမလား..."
"သမီးရေ ချိုးတော့လေ အင်္ကျီကျွတ်ကြီးနဲ့အကြာကြီးမနေနဲ့ ဖျားလိမ့်မယ်..."
"ဟုတ်..."
မေမေပြောဖူးသည် ရေချိုးခါနီးအေးလျှင် အိမ်ကို သုံးလေးပတ်လောက် ပတ်ပြေးလိုက်ပြီးမှ ချိုးတဲ့။ ဒါဆို မအေးတော့ဘူး ချိုးလို့ကောင်းတယ်တဲ့။
အိမ်ကို လေးပတ်အတိ ပြေးပြီး ရေဖလားကိုင်၍ ပုံ့ပုံ့ကိုယ်ပေါ်သို့ မျက်လုံးစုံမှိတ်၍ လောင်းချလိုက်ပါတော့သည်။
"အိုးမီဂေါ့...မေမေ့ရေး...အိုးမီဂေါ့..အေးလိုက်တာ..."
ရေ လေးငါးခွက်က်ို ဆက်တိုက် ဘယ်မှ မကြည့်ပဲလောင်းချလိုက်သည်။
"ဝူးဝူး...ဝူး...သွားပြီ အသက်မရှိတော့ဘူး...အား...အေးလိုက်တာ..."
"မေမေရေး...အိုးမိဂေါ့..."
ရေတစ်ခါချိုးတိုင်း မေမေဟု အခါတစ်ရာလောက် တ သည့် သမီးအသံကို ပမာနားထောင်ရင်းဖြင့် ခေါင်းရမ်းလိုက်ပါတော့သည်။
"ဒီသမီးကတော့လေ..."
"တော်ပြီသမီး...လာလာ ဘောင်းဘီချွတ်ချခဲ့"
"အီး...အေးလိုက်တာ...."
ခိုက်ခိုက်တုန်နေသည့်သမီးလေးကို ထဘက်လေးဖြင့် တစ်ကိုယ်လုံးပတ်ပြီး ပွေ့၍ သနပ်ခါးလိမ်းပေးဖို့ခေါ်လာရသည်။
"မေမေသနပ်ခါးလိမ်းပေးမယ်"
"မေမေ..."
"ရှင့်..."
"တစ်နေ့တစ်ခါ ရေချိုးရမယ်လို့ ဘယ်သူက ပြောတာတုန်းမေမေ"
"အဲ..."
"မချိုးပဲနေလို့မရဘူးပေါ့ ဟုတ်လားမေမေ နေ့တိုင်းချိုးမှ ရမှာပေါ့ "
VOUS LISEZ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Roman d'amourမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
