Season -3, Part - 2

4.9K 185 6
                                        

အတွဲ ၃ ၊ အခန်း ၂။
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

"မေမေ...သားသားကို တီအေးလှိုင်က ရိုက်နေတာမေမေကြားလား"

"အင်းမေမေကြားတယ်"

"မီးပုံ့လဲ ကြောက်လို့ အားလုံးကြည့်ပြီးမှ ပြေးလာတာ"

"ဘာကိုကြောက်တာလဲသမီးရဲ့..."

"မီးပုံ့ကိုလဲ ကြည့်နေလို့ဆိုပြီး ရိုက်မှာကြောက်တာလေ..."

"သမီးကို မရိုက်ပါဘူးကွယ်..."

"သားသားကို ဟင်းပန်းကန်သွားတင်ခိုင်းတာ...သားသားက ဝုန်းဆိုပြီး ပစ်လဲတော့ ဟင်းတွေ မှောက်သွားတာမေမေရဲ့..."

"ဟုတ်လား..."

"ဟုတ်တယ် အဲ့တာတီလေးလှိုင်က အဲ့တာညစာ သေချာမကိုင်ဘူး...နင့်ကြောင့် ညစာ ငတ်ပြီဆိုပြီး သားသားကိုရိုက်တာ"

"မေမေ သားသား သနားပါတယ်နော်...ဟင်းတွေက ပူတယ်မေမေရဲ့...သားသားလက်မှာ ရဲနေတာပဲ အဲ့တာကို တီအေးလှိုင်က ထပ်ရိုက်တော့ ငိုနေတာ..."

သမီးလေးက မျက်ရည်လေးတွေဝဲပြီးရှင်းပြလေတော့ ပမာလဲ စိတ်ထဲမကောင်းလှပေ။

"မေမေသွားကြည့်လိုက်မယ်သမီး"

"ဟုတ်...သားသားကို ဒီခေါ်ခဲ့နော်မေမေ...မီးပုံ့နဲ့ ထမင်းစားရအောင်လို့ဆိုပြီး ခေါ်ခဲ့လိုက် မီးပုံ့ဒီနေ့ သားသားနဲ့ထမင်းစားမှာ"

"အင်းအင်း မေမေခေါ်ခဲ့လိုက်မယ်"

"ဟုတ်"

ဒီနေ့ ဟင်းချက်သည်မှာ များသွားသည်က အတော်ပဲ ဖြစ်သွားလေသည်။ မအေးလှိုင်တို့အတွက် ဟင်းတစ်ခွက်ထည့်ပြီး သားသားအခြေအနေကိုကြည့်ရန် ပမာတစ်ဖက်အိမ်သို့ ထွက်ခဲ့၏။

"စိတ်လျှော့ပါ မအေးလှိုင်ရယ်...ကလေးဆ်ိုတော့ ဘယ်သိပါ့မလဲ"

"ငါ့မှာ ဟင်းတစ်ခွက်ရဖို့ ရှာရ ဖွေရတာပါအေ...ဟိုအမူးသမားကလဲ ပြန်လာလို့ဟင်းမရှိရင် ဆူအုံးပွက်အုံးမယ်...ငါရူးချင်တော့တာပါပဲ..."

"ဒါကို ကလေးတွေကို အရင်ကျွေးလိုက် ပမာထပ်ပြီးလာပို့ပေးမယ်... "

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora