အတွဲ ၂၊ အခန်း ၁၅။
မေတ္တာဝေဆာဆည်းလည်းပမာ🌻
"ဒီနေ့မလာဘူးလားဗျ..."
"ကိုယ့်အိမ်သူကို ကူပေးရမှာမလို့ မလာတော့ဘူးငါ့ညီ"
"ဟာ...ကိုခေါင်လွင်ပြောတော့ လူပျိုကြီးဆို "
"အဟင်း...လူပျိုကြီးပါပဲကွ...ပြောရရင်တော့ အိမ်သူဖြစ်လာမယ့် ကိုယ့်ဇနီးလောင်းပေါ့"
"လုပ်ပြီဗျာ...ဒါကြောင့်ရှေ့ရက်ကတည်းက မအားတာပဲဗျ....ကျွန်တော်က ရိုးရိုးသားသားတွေပဲ ထင်လို့ဘာမှမမေးတာ..."
"ကိုယ်က သိသာနေမယ်တောင်ထင်တာ"
"နည်းနည်းသိသာပေမယ့် ကျွန်တော်က မဟုတ်လောက်ပါဘူးလို့တွေးလိုက်တာ...အဟားဟား..."
"မင်းကတော့ လုပ်ပြီဘုန်းစေရာ"
...........
...........
"ဖေဖေ့ရေး..."
"ဗျာ...ဗျ..."
"မီးပုံ့ကို ဆိုင်လိုက်ပို့..."
"အညှော်တွေနဲ့သမီးရ နောက်ရက်မှသွားလေကွာ..."
"ဟွန့်...မီးပုံ့က ခုပဲသွားချင်တာ ဦးဦးကိုလဲလွမ်းနေပြီ မေမေ့ကိုလဲလွမ်းနေပြီလို့"
"လုပ်ပြီကွာ...ဟားဟား..."
မတွေ့ရသည်မှာ ၃ နာရီလောက်သာရှိသေးသည်ကို လွမ်းနေပြီဟုပြောလာသည့်သမီးကြောင့် ဘုန်းစေ ဟက်ဟက်ပက်ပက်ရယ်မိ၏။
ပုံ့ပုံ့ ဖေဖေ့ဘေးသွားထိုင်လိုက်သည်။
"မီးပုံ့က အားလုံးကိုတအားလွမ်းတာပါဆို နော်...မေမေတို့ဆီသွားရအောင်နော်ဖေဖေ"
"ဖေဖေက လိုက်ပို့ချင်ပါတယ် ဒါပေမယ့်သမီးမေမေမှာသွားတယ်လေ သမီးကိုအိမ်မှာပဲနေတဲ့...အဲ့တာကြောင့်ပါကွ"
"မျဝူး မီးပုံ့က ဟိုကိုပဲသွားချင်တာ မှုတ်ရင် ဖေဖေ့ကိုစိတ်ဆိုးမှာ..."
"ခက်တာပဲသမီးရာ..."
"ဟွန့်..."
ခြေဆင်းထိုင်၍ လက်ပိုက်ကာ နှုတ်ခမ်းဆူထားသည့်သမီးကို ဘုန်းစေမှာ ဘယ်လိုလုပ်ရမလဲပင်မသိတော့ပါပေ။
"ဒါဆို လိုက်ပို့တာတော့ လိုက်ပို့မယ် ဟိုရောက်မှ သမီးမေမေက ပြန်ဆိုရင် မေ့မေ့စကားနားထောင်ရမယ်နော်"
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
