အတွဲ - ၃၊ အခန်း- ၆
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ရှောင်လွှဲ၍မရသည့်အနေအထားတွင် ပမာချောင်ပိတ်မိနေသည့်အလား ပြေးစရာလမ်းမရှိတော့ပြီဖြစ်သည်။ ထွက်ပြေးလို့ရော မှီပါအုံးမည်တဲ့လား။
အို...ဘဝ။ စိတ်ကြိုက်ချယ်လှယ်ခွင့်ရတဲ့လူတစ်ချို့ကြောင့် တစ်ခါတစ်လေ ရွေးချယ်ခွင့်မရှိတဲ့ ကိုယ်ဟာ ချောင်ပိတ်ခံရသည့်လူ သပ်သပ်သာဖြစ်သည်။
.........
ဘုန်းစေအိမ်၏ ဧည့်ခန်းတွင် သူစိမ်းနှစ်ယောက်ဟာ မကြိုဆိုပါပဲနှင့် အခန့်သား လာရောက်ထိုင်နေကြပြီဖြစ်သည်။ အိမ်ရှင်ဖြစ်သူမှာတော့ မျက်ရည်လည်ရွှဲနှင့် ဘာမှမတတ်နိုင်သည့်အလား ဖြစ်ရသည်။ ဒါ တရားရဲ့လား။
"သမီးကို ယုနွယ်တို့ဆီပြန်ပေးပါနော်မမ"
ပမာ့မျက်လုံးအိမ်တို့ တောင်မြောက် ရွေ့လျားသွားရသည်။ နှလုံးခုန်နှုန်းတို့မှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် မြန်ဆန်လာရသည်။
"ယုနွယ်သမီးလေးကို ယုနွယ်ပြန်လိုချင်တယ်"
"ယုနွယ်တို့ဘက်က မှားခဲ့တာတွေရှိပေမယ့် မမဒီလိုခြေရာဖျောက်သွားလိမ့်မယ်လို့ယုနွယ်တို့ မတွေးခဲ့မိဘူး"
"ယုနွယ်အတွက် သမီးဆုံးရှုံးရတဲ့ခံစားချက်ကို မမစာနာပေးပါမမရယ်"
ညီမဘက်က ဘာစကားအသံမှ ထွက်မလာခဲ့ပါပေ။ ဘုန်းစေကရော ဘာဝင်ပြောရမှာတဲ့လဲ။
"ကိုထူးရှေ့နှစ်ကပဲပြန်လာတယ်မမ ရောက်ရောက်ချင်း သမီးကိုရှာဖို့အတွက်ပဲ လုံးပမ်းခဲ့တာ သမီးသတင်းအစအနကို ယုနွယ်တို့ မနားမနေရှာပေမယ့် လုံးဝကို သတင်းမရခဲ့ဘူး"
"အခုတောင် ယုနွယ်တို့ကံကောင်းလို့သိခဲ့ရတာ"
ဘယ်လိုစကားလုံးတွေပဲ ပြောပြော ပမာ့စိတ်တွင်တော့ သမီးကို ဆုံးရှုံးရတော့မည်ဆိုသည့်အတွေးကို ရင်ဝယ်ပိုက်မိပြီးသားဖြစ်သည်ကြောင့် အလဲလဲအပြိုပြိုနှင့်ဖြစ်သည်။
"မေမေတို့က အိမ်ပြန်သွားတာလားဦးဦး..."
"ဆိုင်ပိတ်သွားပုံရရင် သမီးမေမေ နေမကောင်းလို့နေမှာ"
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
