Part - 13

12K 358 9
                                        

အခန်း - ၁၃
မေတ္တာဝေဆာ ဆည်းလည်းပမာ 🌻

ကြိုးခုန်တမ်းကစားနေကြသည့် သူငယ်ချင်းများကို ပုံ့ပုံ့သရက်ပင်အောက်မှခုံလေးပေါ်ထိုင်ရင်း လှမ်းကြည့်၏။ သူငယ်ချင်းတွေနဲ့အတူ သွားကစားချင်ပေမယ့်လဲ ပုံ့ပုံ့ကိုသူတို့က မခေါ်ကြဘူးလေ။ ပုံ့ပုံ့ကို စိတ်ဆိုးနေတာနေမှာ။

"မနေ့ကဖြိုးအောင်ကိုအော်လို့ ပုံ့ပုံ့ကိုမခေါ်တာလားမသိဘူး"
"သားသားကို ခေါင်းပုတ်လိုက်လို့လား..."
"ဘဲဥမနဲ့ ကြိုးခုန်ရင်း တိုက်မိလို့များလား...."

ခုံမှတွဲလွဲကျနေသည့် ခြေထောက်လေးကိုရမ်း၍ ပုံ့ပုံ့တစ်ယောက်ထဲစကားပြောရင်း သူငယ်ချင်းများမခေါ်ကြသည့်အကြောင်းကို စဉ်းစားမိသည်။

"ပုံ့ပုံ့အရမ်းဆိုးလို့မခေါ်ကြတာနေမှာ....ဘာနဲ့ချော့ရင်ကောင်းမလဲ..."

ချော့ဖို့တွေးရင်း အိမ်ပေါ်သို့ ပြေးတတ်သွားသည့်ပုံ့ပုံ့မှာ မေမေနှင့်အတူ ဆွဲထားသည့်ရောင်စုံရုပ်ပုံလေးများကို သိမ်းထားသည့် သေတ္တာသေးသေးလေးထဲမှ ရုပ်ပုံလေးများကို ထုတ်လိုက်၏။

"ငါးပုံဆိုရပြီ ၁ ၂ ၃ ၄ ၅ ငါ့အတွက်လဲ တစ်ပုံယူသွားရမယ်...အဲ့တော့ ၆ ပုံ..."

ပုံဆွဲထားသည့်စာရွက်လေးများကို ဖြန့်ကိုင်၍ သားသားတို့အိမ်ရှေ့တွင်ကစားနေကြသည့် သူငယ်ချင်းတို့ဆီ ပြေးသွားလိုက်သည်။

အားလုံးဟာ ပုံ့ပုံ့ကိုမကြည့်ကြပဲ ပုံ့ပုံ့အနားမှ နဲနဲခွာကာ ထပ်ကစားနေကြတော့ စကားဘယ်လိုစပြောရမှန်းမသိပဲ ပုံလေးကိုင်၍ ရပ်နေလိုက်သည်။

ဖြိုးအောင်က ပုံ့ပုံ့ကိုမကြည့်သလို ဘဲဥမ၊ နိုင်းလေး၊ ပြုံးပြံး တို့ဟာလဲ ဘေးတွင်ရပ်နေသည့် ပုံ့ပုံ့ကိုမကြည့်ပေ။

သားသားဟာ ပုံ့ပုံ့ကို လှည့်ကြည့်လှည့်ကြည်နှင့် ကြိုးခုန်နေသည်ကြောင့် သားသားနောက်တစ်ခေါက်လှည့်အကြည့်တွင် လက်ယက်လှမ်းခေါ်လိုက်တော့ သားသားက ပုံ့ပုံ့အနားရောက်လာလေ၏။

"ဘာကြီးလဲ မပုံ့..."

ပုံ့ပုံ့လက်ထဲမှ ရုပ်ပုံလေးများကို ဖြန့်၍ပြလိိုက်သည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Donde viven las historias. Descúbrelo ahora