အခန်း -၃၅
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ကျောင်း၏ အားကစားကွင်းတွင် ကျောင်းသားမိဘကိုယ်စီနှင့်အတူ ကလေးများက ဟိုတစ်စုဒီတစ်စုနှင့် ရပ်နေကြလေသည်။ ထိုထဲတွင် ငလက်မက သူ့လက်ကိုကိုင်ထားပြီး ခေါင်းမော့ရင်ကော့၍ ရပ်နေပုံများ ဒါငါ့ဖေဖေကွ ဆိုသည့်အတိုင်း ကြွားနေသည့်ပုံဖြစ်သည်။
"ဦးဘုန်း..."
"အဟမ်း...ဖေဖေလေကွာ ဖေဖေ..."
"ဟုတ်သားပဲ မီးပုံ့မေ့သွားတာ ဖေဖေရဲ့...အဟီး...ဖေဖေလို့ခေါ်ရတာတစ်မျိုးကြီးပဲ ပျော်စရာကြီး..."
ခေါ်နေကျမဟုတ်၍ မေ့သွားခြင်းဖြစ်မည်။ နှုတ်ခမ်းအသဲပုံလေးပျော်သည်အထိ ရယ်ပြသည့်ငလက်မက အတော်လေးချစ်ဖို့ကောင်းပါသည်။
"ဟာဓာတ်ပုံထဲက ပုံ့ပုံ့ဖေဖေလား"
"ပုံ့ပုံ့ဖေဖေက တကယ်ကြီးဟ"
ကလေးများက ပုံ့ပုံ့ဆီကိုပြေးပြီးလာမေးတော့ ပုံ့ပုံ့ ပျော်သွားရသည်။
"ဟုတ်တယ် ဒါငါ့ဖေဖေ...ကြည့်ပါလား ငါ့ဖေဖေပါဆို မယုံကြဘူး ဟင်း...အခုတော့တွေ့ပြီမလား ဒါငါ့ဖေဖေနော်..."
နှုတ်ခမ်းတထော်ထော်နှင့် ရှင်းပြနေပုံကြောင့် ဘုန်းစေမပြုံးပဲ မနေနိုင်တော့ပြီဖြစ်သည်။
"ငါ့ဖေဖေကိုကြည့် ပုံထဲမှာတင်ချောတာမဟုတ်ဘူး အပြင်မှာက ပိုချောတယ်...နင်တို့ဖေဖေတွေအားလုံးထက် ငါ့ဖေဖေက ပိုချောတယ် တွေ့လား..."
"ဦးလေးက ချောတယ်နော်...ပုံ့ပုံ့ရဲ့ ဖေဖေဆိုတာ တကယ်လား...."
ကလေး ၃ ယောက်က အနားလာပြီးမေးမြန်းနေပုံကြောင့် ဘုန်စေ ငလက်မကိုကောက်ချီလိုက်သည်။
"လာသမီး..."
"ဒါပေါ့ကွ...ဒါဦးလေးသမီးလေ...ဦးလေးကချောလို့ ဒီသမီးကပါ ချောတာ ကြည့်ပါလား သားဖနှစ်ယောက်လုံးက အပျံစားနဲ့ ချောမှချော မဟုတ်ဘူးလား"
"ခစ်ခစ်...ပုံ့ပုံ့တို့သားဖက အပျံစားကြီး ..."
ကလေး ၃ ယောက်က ဘုန်းစေတို့ကို သွားအဖွေးသားနှင့်ပြုံးပြီး မော့ကြည့်နေကြတော့သည်။ အောင်အောင်ဆိုသည့်ကောင်လေးက ဝင်ပြောချင်နေပေမယ့်လဲ ဘုန်းစေမျက်နှာတစ်ချက်တည်ပြလိုက်တော့ နောက်ပြန်ဆုတ်သွားလေ၏။
ВЫ ЧИТАЕТЕ
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Любовные романыမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
