အခန်း - ၁၀
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
"ကျွန်တော်ကတော့ ဒံပေါက်ပဲမှာလိုက်မလားလို့စိတ်ကူးထားတယ်ဗျ"
"ဟယ် ဒါဆို ပိုက်ဆံကုန်မှာပေါ့ငါ့မောင်ရဲ့"
"ပိုက်ဆံကရတယ်အစ်မ အဓိက လူသက်သာဖို့ပဲ ဒါဆိုရပြီ"
"မရပါဘူး အစ်မတို့ရှိတာပဲ ဘာလို့ဒံပေါက်မှာနေမှာလဲ ပြီးတော့ဒီလူအုပ်နဲ့လဲအဆင်မပြေပါဘူး ဒံပေါက်သာလုပ်လို့ကတော့ မင်းတော့ အများကြီးကုန်မှာ"
"ပိုက်ဆံက ရ...."
"ပမာတို့ရှိတာပဲ ပမာတို့လုပ်ကူမှာပေါ့ မှာမနေပါနဲ့ ဒီရပ်ကွက်အကြောင်းအကိုမသိသေးလို့အကိုရဲ့"
သူ့စကားရပ်တန့်သွားရပြီး ပမာဆက်ပြောမည့်စကားကို ဆက်နားထောင်လိုက်သည်။
"အကိုဒီရောက်တာလဲ တစ်လမပြည့်သေးဘူးလေ ပွဲတွေဘာတွေလုပ်တာလဲ အကိုအတွေ့အကြုံမရှိသေးဘူး တွေ့လဲမတွေ့သေးဘူးမလား...."
"ဟုတ်တယ်"
"အစ်မတို့က ကိုယ့်ရပ်ကွက်သားအကြောင်းအကုန်သိတယ် အလှူရှိတယ်လို့ကြားတာနဲ့ အိုး...လာလိုက်တဲ့လူ ကလေးပွေးကအစ လာကြတာ ထည့်တဲ့လူတောင်လက်မလည်ဘူး"
"အဲ့လိုလား..."
"တစ်ချို့ဆို နှစ်ကြော့ပြန် သုံးကြော့ပြန်တောင်စားကြတာငါ့မောင်ရဲ့"
ပမာအပါအဝင် မအေးလှိုင်တို့ရောက ဝိုင်းတားကြသည်ကြောင့် ဘုန်းစေ အထွန့်မတတ်တော့ပေ။
"ဒါဆို အစ်မတို့က ဘာလုပ်စေချင်တာလဲဗျ"
"ဘုန်းဘုန်းအတွက်က ဆွမ်းချက်ပြီးကပ်မယ် ရပ်ကွက်ထဲက လူအုပ်ကိုမုန့်ဟင်းခါးကောင်းကောင်းလေးချက်ပြီးပဲ ကျွေးလိုက်ကြတာပေါ့ "
"အစ်မတို့ချက်ပေးမှာမဟုတ်လား"
"ဒါပေါ့ အစ်မတို့ရှိရင်ရပြီငါ့မောင် ကျန်တာပူမနေနဲ့"
"Ok ဒါဆို ဒီလိုပဲလုပ်ကြတာပေါ့..."
.......
နေအိမ်တွင် မနက် ၇ နာရီပဲရှိသေးသည်ကို ရှုပ်ယှက်ခက်အောင်လူစည်ကား၍ ဆူညံ၍နေ၏။ ဘုန်းစေအတွက် ဤလိုအချင်းအရာမျိုးကို နေသားမကျသေးသည်မှာ အများစုက ကိုယ်နှင့်သိပ်မရင်းနှီးသည့် စိမ်းသက်သည့်လူများဖြစ်သည်ကြောင့် ဖြစ်သည်။
ESTÁS LEYENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
