Part - 37

13.4K 472 5
                                        

အခန်း- ၃၇
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻

မေမေထမင်းချက်နေစဉ်တွင် ဧည့်ရှေ့ခန်းတွင် ပုံ့ပုံ့နှင့် မေမေ့ရဲ့ကိုကို၊ ပုံ့ပုံ့ရဲ့ ဦးဦးအရင်းကြီးနှင့် အတူထိုင်နေပြီး စကားမပြောရဲ၍ ငြိမ်နေလိုက်၏။

ဦးဦးကြီးက ပုံ့ပုံ့ကိုလက်ပိုက်ပြီး သေချာကြည့်နေတော့ ပုံ့ပုံ့ကြောက်လာရ၏။ ကုန်းကိုက်ထားလို့ ပြန်ကိုက်ရင် ဘယ်လိုလုပ်မလဲ။ မေမေက ပြောထားတယ် ယောက်ျားလေးဆို ဦးဘုန်းပဲ ပုံ့ပုံ့အပေါ်စိတ်ရင်းနဲ့ကောင်းပေးတာတဲ့။ ပြီးတော့ ပုံ့ပုံ့ဆိုးချင်းတိုင်း ဆိုးလို့ရတာလဲ ဦးဘုန်းပဲရှိတာတဲ့။ ကျန်တဲ့ယောက်ျားလေးတွေဆို ပုံ့ပုံ့သွားဆိုးလို့မရဘူးတဲ့။ ဒီဦးဦးကြီးကလဲ ပုံ့ပုံ့​ဆိုးချင်တိုင်း ဆိုးလို့မရဘူးနဲ့တူတယ်။

"အဟင်း...."

"ဟီး..."

သွားကြီးစိပြီးရယ်ပြသည့် ဦးဦးကြီးကြောင့် ပုံ့ပုံ့ ဟီးခနဲနေအောင် ရယ်ပြလိုက်သည်။

ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်း၊ ရယ်လိုက်ရင် ထူးခြားသွားတဲ့နှုတ်ခမ်းလေးနဲ့ smile eye လေးဖြစ်သွားပုံတွေကို ထွန်းအောင်ကျော်သေချာကြည့်လိုက်သည်။

ဒီကလေးက တူတာတော့ အတော်လေးကိုတူသည်။ ချစ်စရာလဲကောင်းသည်။ သူ့အစ်ကိုလိုမဟုတ်ပဲ မိန်းကလေးဆိုတော့ ပိုချစ်စရာကောင်းနေသည်ကို ထွန်းအောင်ကျော်လက်ခံပါသည်။ ရွယ်လေးရဲ့ ပျိုးထောင်မှုအောက်မှာ ကလေးက ပျော်ရွှင်ပြီး သေချာကြီးပြင်းလာမှန်း မှန်းမိသည်။

"အဲ့နှစ်က ညီမလေးရဲ့ဆုံးဖြတ်ချက်မှန်ခဲ့လို့သာ ဒီအရွယ်ထိ လူလားမြောက်လာခဲ့တာ...
ကလေးရေ မင်းမအေက မင်းအတွက် စူပါဟီးရိုးဆိုတာ သိရဲ့လားကွ...မိဘနဲ့အတိုက်အခံဖြစ်ပြီးတော့ကို သမီးကိုမွေးခဲ့တာ...သမီးဘဝတစ်ခုဖြစ်လာဖို့ကို သူ့ဘဝတစ်ခုလုံးနဲ့ပေးဆပ်စတေးပြီး သမီးကိုပျိုးထောင်ခဲ့တာကွ..."

ကလေးကိုကြည့်ပြီး သူ့အတွေးထဲတွင် ပြောချင်ရာများကို ပြောနေမိသည်။ ရွယ်လေးကြောင့် ဒီကလေးရဲ့နောက်ကြောင်းတွေကို ထုတ်မပြောဖို့ ဆုံးဖြတ်ထားပါသည်။ ဘယ်လိုပဲ အစ်ကိုအရင်းဖြစ်နေပါစေအုံး...အခုက ရွယ်လေးတို့သားမိက တစ်ဘဝ ဖြစ်နေပြီမဟုတ်လား။ ညီမလေးဘဝတစ်ခုလုံး ပေးဆပ်ထားတဲ့ ဒီမိသားစုလေးကို သူမဖျက်ဆီးရက်ပါပေ။ ဒီ့အတွက် အမှန်တရားအားလုံးကို ဖုံးကွယ်ပြီး ရွယ်လေးဖြစ်ချင်တဲ့အတိုင်း လိုက်လျောပေးပါမည်။

မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)  Where stories live. Discover now